လာမည့်နာရီအနည်းငယ်အတွင်း ချယ်လ်ဆီးနည်းပြကွန်တီကို ရာထူးမှဖယ်ရှားမယ်လို့ သတင်းများထွက်ပေါ်

0
145

ဖေဖော်ဝါရီ ၆ ၊ ၂၀၁၈

ယခုနှစ်ဘောလုံးရာသီမှာ ရလဒ်ပိုင်းတွေ ဆိုးရွားနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြကွန်တီကို လာမယ့်နာရီပိုင်းအတွင်းမှာ ရာထူးကနေထုတ်ပယ်ပြီး ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်နဲ့ အစားထိုးမယ်လို့ စပိန်မီဒီယာတွေက ဆိုပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယနေ့မနက်က ကစားခဲ့တဲ့ ဝက်စ်ဖို့ဒ် နဲ့ပွဲစဉ်မှာ ၄ – ၁ ဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ချယ်လ်ဆီး ဟာ အမှတ်ပေးဇယား အဆင့်တစ်နေရာက မန်စီးတီး အသင်းနဲ့ ရမှတ် ၁၉မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဖေဖော်ဝါရီ ၁ရက်နေ့က ကစားခဲ့တဲ့ ဘုန်းမောက်စ်နဲ့ပွဲစဉ်မှာလည်း အိမ်ကွင်းဖြစ်ပေမယ့် ၃ ဂိုးဂိုးမရှိနဲ့ ရှုံခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ဟာ ကွန်တီရဲ့နေရာကို အစားထိုးဖို့အတွက် ဘာစီလိုနာကနေ ပြီးခဲ့တဲ့ နှစ် ဇွန်လ နှုတ်ထွက်ခဲ့တဲ့ နည်းပြ အင်းနရစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အကယ်၍သာ ချယ်လ်ဆီး အနေနဲ့ ကွန်တီကိုထုတ်ပယ်ပြီး အင်းနရစ်နဲ့ အစားထိုးမယ်ဆိုရင်တော့ အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံအသင်းတွေရဲ့ နည်းပြတွေဟာ ဖလားရယူပြီးနောက်နှစ်မှာ အသင်းကနေ အထုတ်ခံရတဲ့ ကျိန်စာတစ်ခုကို ဆက်လက်ကြုံရဖွယ် ရှိနေပါတယ်။

NN

Leave a Reply