NLDအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ခရီးမပေါက် ဖြစ်နေကြောင်းRCSS ထုတ်ပြန်

0
194

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ၊၂၀၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်အား သွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့် သလောက်ခရီးမပေါက်ဖြစ်နေကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီRCSSက ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သည့် ၇၁နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်တွင်တွင် ထည့်သွင်းဖော်ပြထားသည်။

ကြေညာချက်တွင် ၂၀၁၁ခုနှစ်မှစတင်၍ ဦးသိန်းစိန်အစိုးရလက်ထက်က နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်း ဖြင့်ဖြေရှင်းရန် လမ်းဖွင့်ပေး ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်NCA ကို လက်မှတ်ရေးထိုးခဲ့ ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပကာစစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရန်အစပျိုးခဲ့ကြောင်း ပါရှိသည်။

ပင်လုံစာချုပ်နှင့်ပြည်ထောင်စုနေ့မြစ်ဖျားခံရာရှမ်းအမျိုးသားနေ့သည် ယနေ့တွင်(၇၁)နှစ်တိုင်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီး နောက်နှစ်ပေါင်း (၇၀)နီးပါး ပြည်တွင်းစစ်ကြောင့် လွတ်လပ်ရေး၏ အသီးအပွင့် များပြည့်ဝစွာမခံစားရသေးကြောင်း RCSSကဆိုသည်။
RCSS သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရ ၊ တပ်မတော် ၊ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်ပါတီအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ် ပြီး ဒီမိုကရေစီအရေး ၊ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အ၀ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်ရေးတို့အတွက် NCAစာချုပ်နှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

RCSSသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က NCAစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့တွင် အပါအ၀င်ဖြစ်ပြီး RCSSကဦးဆောင်ကျင်းပသည့် ရှမ်းအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်ကျင်းပရန်အတွက် ၂၀၁၇ ဒီဇင်ဘာလနှင့် ၂၀၁၈ဇန်န၀ါရီလများတွင် လူထုတွေ့ဆုံပွဲများ ၊ အကြိုနိုင်ငံရေးတွေ့ဆုံပွဲများကို ပြုလုပ်ကျင်းပခွင့်ကို တပ်မတော်က တားဆီးမှုများကြောင့် လင်းခေးမြို့တွင်ကျင်းပမည့် ရှမ်းအမျိုးသား အဆင့်နိုင်ငံရေးတွေ့ဆုံပွဲကို ရွေ့ဆိုင်းခဲ့သည့်အဖွဲ့ဖြစ်သည်။

ရှမ်းပြည်အမျိုးသားနေ့အတွက် သ၀ဏ်လွှာကို သမ္မတဦးထင်ကျော်က ယနေ့ရက်စွဲဖြင့်ပေးပို့ခဲ့သည်။NLDအစိုးရ လက်ထက်တွင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး အစိုးရသစ်အဖြစ် စတင် တာဝန်ယူသည့်ကာလမှ ၃နှစ်နီးပါးအကြာ ယခုလ၁၃ရက်နေ့တွင် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့က NCAစာချုပ်တွင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း အစိုးရကကြေညာ ထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံ တတိယ အစည်း အဝေးကို ယခုလအတွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply