လမ်းပေါ်ကျူးကျော်ဆိုင်ဖွင့်ပြီး ရမ်းကားသူအား အရေးယူ

0
164

မန္တလေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၃ လမ်း ၃၆ လမ်း နှင့် ၃၇ လမ်းကြားတွင် လမ်းပေါ်ကျူးကျော်ဆိုင်ဖွင့်ပြီး ဆဲဆိုရမ်းကားသူအား ဖေဖော်ဝါရီလ ၆ ရက်နေ့က အရေးယူခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဖြစ်စဉ်မှာ 7 Colour Fancy စတိုးဆိုင်ပိုင်ရှင် ဦးသောင်းညွန့်သည် ဖေဖော်ဝါရီလ (၅)ရက်နေ့ ည ၉ နာရီခန့်အချိန်က၄င်းဆိုင်၏ ကပ်လျှက် ဘဲလေးမျက်မှန်ဆိုင်မှ ဝန်ထမ်းတစ်ဦးသည် ဆိုင်ရှေ့ဆိုင်းဘုတ် ထွက်သိမ်းစဉ် ဦးသောင်းညွှန့်မှာ၎င်းဆိုင်ဝန်းထမ်းနှင့်အတူ ဆိုင်ရှေ့ ပလက်ဖောင်းပေါ်သို့စတီးဓားတစ်ချောင်း၊ သံတုတ် တစ်ချောင်း တို့ကိုင်ဆောင်ပြီးဘေးဆိုင်မျက်မှန်ဆိုင်အား “နင်တို့ဆိုင်ကနေ မပြန်ဘဲမနေပါဘူး ပြန်ရင်အသေသတ်ပစ်မယ်။ နင်တို့ အကုန်လုံး ကို(၁၇)ရက်နေ့ကျ ရင်အကုန်သတ်ပစ်မယ်ဟုခြိမ်းခြောက်ပြီး
အများသူငှာမကြားဝံ့မနာအောင်ညစ်ညမ်းဆဲဆိုကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း 7 Colour Fancy စတိုးဆိုင်အနေဖြင့် လမ်းပေါ်သို့ ဆယ်ပေခန့် ကျူးကျော်သောကြောင့် လာရောက်စစ်ဆေးသည့်အတွက် ယင်းဆိုင်ပိုင်ရှင် ဦးသောင်းညွှန့် နှင့် စည်ပင်သာယာဝန်ဝမ်းအချို့ ရုဏ်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သတ်၍ 7 Colour Fancy စတိုးဆိုင်ပိုင်ရှင် ဦးသောင်းညွန့်ကို မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် (ပ)၆၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၂၉၄/၅၀၆/၄၂၇ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply