ဇွဲကပင်တောင်ကေဘယ်ကားစီမံကိန်း အတွက်ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်

0
157

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ၊ ၂၀၁၈

ဇွဲကပင်တောင်တွင် တည်ဆောက်နေသည့် တောင်တက်ကေဘယ် ကားစီမံကိန်းတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်နိုင်ရန် တောင်တက်ကေဘယ် ကား စီမံကိန်းလုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာ့ဇာတိမြေအများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမီတက်က ကြေညာလိုက်သည်။

“ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းမှာ ပါဝင်ရင်းနှီးမြုပ်နှံတဲ့သူတွေကို ပါဝင်နိုင်အောင်အသိပေးတဲ့သဘောပါ။ ကိုထည့် ၀င်ချင်တဲ့ပမာဏ ကိုထည့်ဝင်နိုင်ပါတယ်”ဟု အဆိုပါကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွဲကပင်တောင်တက်ကေဘယ်ကားမှာ ကြားတာဝါတိုင်မပါရှိပဲ ပထမဆုံးစတင်ဆောက်လုပ်သည့်ပုံစံဖြစ်ပြီး စီမံကိန်း ကို၂၀၁၇ မေလမှစတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၃နှစ်အတွင်းအပြီးသတ် ဆောက်လုပ်မည်ဖြစ်ကာ စီမံကိန်းကုန်ကျ ငွေ ကျပ်သိန်းပေါင်း ၂သိန်းအကုန်အကျခံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ဇွဲကပင်တောင်သည် အမြင့် ၇၀၀မီတာရှိပြီး တောင်တက် လမ်းကြောင်း အရှည် မီတာ ၁၅၀၀ကျော်ရှိကာ တောင်တက်ကေဘယ်ကား စီးနင်းကြာမြင့်ချိန် ၄မိနစ်သာကြာမြင့်မည်ဖြစ်ကာ တစ်စီးလျင် လူဦးရေ ၅၁ယောက်စီးနင်းလိုက်ပါနိုင်မည့် ကေဘယ်၂ စီးတည်ဆောက်သွားမည် ဖြစ်ကြောင်းအဆိုပါတာဝန်ရှိသူကပြောသည်။

“ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ တစ်ဦးစီးနင်းခဘယ်လောက် ဆိုတာတွက်ချက်ပြီးထုတ်ပြန်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကေဘယ်ကားစီမံကိန်းကို ကမ္ဘာ့ပထမဆုံးလူ စီးဓါတ်လှေကား ထုတ်လုပ်သည့် ဆွစ်ဇာလန်နိုင်ငံ GARAVAVTA ကုမ္ပဏီမှ အင်ဂျင်နီ ယာများနှင့် မြန်မာ့ဇာတိမြေအများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ မှအင်ဂျင်နီယာများက တာဝန်ယူဆောင်ရွက်နေကြောင်းသိရသည်။
ကျိုက်ထီးရိုးဆံတော်ရှင်ဆံတော်ရှင်စေတီသို့ တောင်တက်ကေဘယ် ကားကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်းကဖွင့် လှစ်ခဲ့ပြီး ပြည်တွင်း ခရီးသည်တစ်ဦးလျင် ၄၀၀၀ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျင် ၅ဒေါ်လာ သတ်မှတ် ခဲ့ပြီး ဖွင့်လှစ်ပြီး နာရီပိုင်းအကြာတွင် ခရီးသည်များ တိုးဝှေ့တက်ရောက်မှုကြောင့် ခေတ္တရပ်နားကာ ပြန်လည်ပြင်ဆင် ခဲ့ရသည်။

ကိုဥာဏ်

ဓာတ်ပုံ – Myanma Native Land Public

Leave a Reply