နိုင်ငံရေးလောကထဲ ၀င်တော့မယ့် လီဗာပူးလ်ကစားသမားဟောင်း

0
187

ဖေဖော်ဝါရီ ၇ ၊ ၂၀၁၈

လီဗာပူးလ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ဆီနီဂေါတိုက်စစ်မှူး ဟာဂျီဒီအော့ဖ်ဟာ သူ့ရဲ့ ဘ၀တစ်ဆစ်ချိုး အပြောင်းအလဲတစ်ခုကို ပြုလုပ်ဖို့အတွက် နိုင်ငံရေး လောကထဲကို ၀င်တော့မယ်လို့ သိရပါတယ်။ သူဟာ လိုက်ဘေးရီးယား သမ္မတ ဂျောဝီယာလိုပဲ ဘောလုံးသမားဘ၀ကနေ သမ္မတ ဖြစ်လာဖို့အထိ ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဒီအော့ဖ်ဟာ သူ့ရဲ့ မိသားစုဘ၀ကို ဘောလုံးကစားခြင်းနဲ့သာ ကူညီထောက်ပံ့ပေးခဲ့ပြီး ယခုအခါ သူ့ရဲ့ ဘ၀အတွက် အပြောင်း အလဲတစ်ခုကို ပြုလုပ်ဖို့ အလေးအနက်စဉ်းစားနေချိန်မှာ နိုင်ငံရေးလောကထဲကို ၀င်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီအော့ဖ်ဟာ ဆီနီဂေါနိုင်ငံက ပြည်သူတွေနဲ့ လူငယ်စစ်သားတွေအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ဆောင်ရွက်ပေးချင်တယ်လို့ ဆိုပါတယ်။ဒါကြောင့် သူဟာ နိုင်ငံရေးလောကထဲကို ၀င်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအော့ဖ်ဟာ လီဗာပူးလ် ၊ ဘလက်ဘန်း စတဲ့ အသင်းတွေမှာ ကစားခဲ့ပြီး လိုင်စင်မဲ့ ယာဉ်မောင်မှုနဲ့ အဖမ်းခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူဟာ ပြင်သစ် – ဆီနီဂေါ ထိပ်တိုက်တွေ့ဆုံခဲ့သော ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီး နာမည်ကြီးလာခဲ့သူဖြစ်ပါတယ်။

NN

Leave a Reply