ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ

0
190

မန္တလေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း ဘိုးတော်တောင်ခြေရှိ ဝါးတောအတွင်းတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ သုံးနာရီခွဲခန့်အချိန်က ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေသည့် အမျိုးသမီး အလောင်းတစ်ခုကို တွေ့ရှိခဲ့ ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သေဆုံးသူမှာ စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု မိုးကောင်းကြီး ကျေးရွာတွင်နေထိုင်သူ မခင်ကြူကြူသင်း (၂၅) နှစ်ဖြစ်ပြီး ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာ၊ မျက်ကွင်းညိုမဲ ဒဏ်ရာ၊ လည်ပင်းထိုးသွင်းဒဏ်ရာ၊ နောက်ကျောအလည်တွင် ထိုးသွင်းဒဏ်ရာ၊ ယာဘက်လက်ဖျံထိုးသွင်း ဒဏ်ရာ တို့ဖြင့် သေဆုံးနေခြင်းဖြစ်သည်။

“အစကတော့ လူသေအလောင်းပဲ ဘယ်သူဘယ်ဝါမသိရသေးဘူး။ စုံစမ်းလိုက်မှ သေသူရဲ့ လိပ်စာ နာမည်အတိအကျရတာ။ သေဆုံးသူရဲ့ ဒဏ်ရာအနေအထားအရ သတ်သွားတာ သိသာတယ်။ခုထိတော့ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘူး” ဟု မတ္တရာမြို့နယ် ရေနံသာကျေးရွာ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ထို့အပြင် သေဆုံးသူ၏ အနီးတွင် အရိုးမပါသည့် ငါးလက်မအရှည်ရှိ အိမ်သုံးစတီးဓါးတစ်ချောင်းနှင့် အဝါရောင် ဓါးကော်ရိုးတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရေနံ့သာကျေးရွာ ရဲစခန်းတွင် (ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး

မန္တလေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း ဘိုးတော်တော်ခြေရှိ ဝါးတောအတွင်းတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ သုံးနာရီခွဲခန့်အချိန်က ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေသည့် အမျိုးသမီး အလောင်းတစ်ခုကို တွေ့ရှိခဲ့ ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Leave a Reply