ပုစွန်​​ဈေးကွက်​နှင့်​ပတ်​သက်​သည့်​ သု​တေသနစာတမ်းကို လာမည့်​မတ်​လအတွင်း အပြီးသတ်ထုတ်​ပြန်​မည်

0
163

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၇၊ ၂၀၁၈

မြန်​မာနှင့်​ဂျပန်​တို့ပူး​ပေါင်း ပြုလုပ်သည့်​ ပုစွန်​​ဈေးကွက်​နှင့်​ပတ်​သက်​​သော သုတေသနစာတမ်းကို လာမည့်​မတ်​လအတွင်းအပြီးသတ် ထုတ်​ပြန်​​ကြေညာ​ပေးသွားမည်​​ဖြစ်​​ကြောင်း မြန်​မာကုန်​သွယ်​မှုမြှင့်​တင်​​ရေးအဖွဲ့မှသိရသည်​။

ဂျပန်​​ဈေးကွက်​သို့အဓိကတင်​ပို့​နေသည့်​ မြန်​မာ့ပုစွန်​နှင့်​ဂျပန်​​ဈေးကွက်​​အ​ခြေအ​နေ သု​တေသနစာတမ်းကိုစီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​​ ရေး ဝန်ကြီးဌာန၊မြန်​မာကုန်​သွယ်​မှုမြှင့်​တင်​​ရေးအဖွဲ့ ၊ကုန်​သွယ်​မှု သတင်းအချက်​အလက်​နှင့်​သု​တေသနဌာနနှင့်​ ဂျပန်​အပြည်​ပြည်​ဆိုင်​ရာပူး​ပေါင်း​ဆောင်​ရွက်​​ရေး​အေဂျင်​စီ(JICA) တို့ ပူး​ပေါင်း၍ ၂၀၁၇ခုနှစ်​၊ ဇွန်​လမှစတင် ပြုစုခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

“ဌာနက ​ဈေးကွက်​သု​တေသနနဲ့ဆိုင်​တဲ့ဝန်​ထမ်း​တွေရဲ့​လေ့ကျင့်​သင်​ကြားမှုက​နေထွက်​လာတဲ့ စာတမ်းပါ။ ဒါကို အရည်​အ​သွေးရှိတဲ့ စာတမ်း​တစ်ခုဖြစ်​လာ​အောင်​ကျွမ်းကျင်​သူ​တွေနဲ့ပူး​ပေါင်းပြီး​တော့ ထပ်​ပြီး အ​ချောသက်​လုပ်​ပြီး ဖြန့်​​ဝေ​ပေးပါမယ်​။ ဒီလို​လေ့လာလိုက်​ပြီဆိုရင်​ ​ပုစွန်​​ဈေး​ကွက်​ရဲ့အ​ခြေ​နေ​တွေ ၊ဂျပန်​ကိုအဓိကပို့ရ​တော့ ပုစွန်​​တွေ ဂျပန်​ကို ပို့​နေတဲ့အ​ခြေ​နေကိုအ​သေးစိပ်​သိရတာ​ပေါ့​။သိရတဲ့အခါကျ​တော့ လိုအပ်​ချက်​​တွေကိုအ​ခြေခံပြီး​တော့ ဘာ​တွေ​ဆောင်​ရွက်​မယ်​ဆို​တဲ့ စီမံချက်​ တခုဆွဲပြီး လုပ်​​သွားမှာပါ။”ဟုမြန်​မာကုန်​သွယ်​မှုမြှင့်​တင်​​ရေး အဖွဲ့၏ ညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အောင်​စိုးက​ပြောသည်​။

အဆိုပါစီမံချက်​တွင်​ ​ရေထွက်​ကုန်​နှင့်​ပတ်​သက်ပြီး ပုစွန်​ကို အ​သေးစိတ် ထပ်​မံ​လေ့လာမည်​ဖြစ်​ပြီး၊ယင်းစီမံချက်​သည်​ အမျိုးသား ပို့ကုန်​မဟာဗျူ ဟာ၏ ၅နှစ်​စီမံချက်​တွင်​ ရှိပြီးဖြစ်​​ကြောင်းသိရသည်​။ လက်​ရှိတွင်​ နို​င်​ငံ
ပေါင်း ၁၁နိုင်​ငံကိုပြည်​တွင်းမှ ထွက်​ရှိသည့်​ ပုစွန်​များတင်​ပို့​နေပြီး၊ဂျပန်​နိုင်​ငံသို့အဓိက တင်​ပို့လျှက်​ရှိ​​ကြောင်းသိရသည်​။

“အဲ့ဒီ ၁၁နိုင်​ငံကိုတင်​ပို့​နေတဲ့ ​ဈေးကွက်​ကိုထိန်းထားမယ်​။ထုတ်​လုပ်​မှုက လို​နေ​သေးတယ်​။ ပြည်​တွင်းစားသုံးမှုကလဲ နိုင်​ငံခြားသား​တွေက မြန်​မာ ပြည် ကိုဝင်​တာက သန်းနဲ့ချီ တိုးလာတဲ့အတွက်​ လာတဲ့ပုဂ္ဂိုလ်​​တွေ စားတာနဲ့တင်​ Export မလုပ်​ပဲနဲ့လဲ ​ရောင်းရတဲ့အ​နေထားဖြစ်​လာတယ်။ ပြည်​တွင်းစားသုံးမှုကလဲ မြင့်​လာတဲ့အတွက်​ ထုတ်​လုပ်​မှု တက်​​အောင်​လုပ်​ပြီးရင်​ ပိုလျှံသမျှကို တင်​ပို့နိုင်​​အောင်​လို့အဆင်​သင့်​ဖြစ်​​အောင်​လုပ်​မှာပါ။”ဟု ဦး​အောင်​စိုးက​ပြောသည်​။

ပုစွန်ကုန်ကြမ်းရှားပါးခြင်း၊ပင်လယ်အတွင်းဖမ်းဆီးမှု ​လျှော့နည်းလာ
ခြင်းနှင့်​ ​မွေးမြူရေးတွင်​ သိသိသာသာတိုးမလာ​သော်​လည်း ဝယ်​လိုအားရှိ​နေခြင်း​ကြောင့်​ လက်​ရှိ ရှိ​နေသည့်​​ဈေးကွက်​ကို ထိ​ရောက်​စွာအသုံးချနိုင်​​အောင်​ ကုန်​ကြမ်းကို ပြည်​ပမှတင်​သွင်းလို​ကြောင်းကို ပြည်​တွင်းပို့ကုန်​ လုပ်​ငန်းရှင်​များက တင်​ပြထား​ကြောင်းသိရသည်​။

ထို့ပြင်​ ပြည်​ပမှတင်​သွင်း​သောကုန်​ကြမ်းများကို ကုန်​​ချောပြန်​လုပ်​၍ ပြည်​ပသို့ Re- Export လုပ်​​ဆောင်​ချင်သည့်​ကိစ္စရပ်​များကိုလည်း အဆိုပါ စာတမ်းကို အ​ခြေခံ၍ မူဝါဒပိုင်းအရ ပြု ပြင်​​ပြောင်းလဲ ​ဖြေ​လျှော့ပြီး ခွင့်ပြုနိုင်​​အောင်​ဆက်​လက်​တင်​ပြသွားမည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်။

ဝေ​ဝေဖြိုး

Leave a Reply