ယခုလပထမပတ်​အတွင်း ပြည်​တွင်း ပြည်​ပရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း​ပေါင်း ၁၆ ခုခွင့်​ပြု 

0
178

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၇၊ ၂၀၁၈

မြန်​မာနိုင်​ငံ ရင်းနှီးမြှုပ်​နှံမှု​ကော်​မရှင်​၏ အစည်းအ​ဝေးအမှတ်​စဉ်​ (၂/၂၀၁၈)ကို ​ဖေ​ဖော်​ဝါရီလ ၂ရက်​​နေ့တွင်​ပြုလုပ်​ခဲ့ရာ ပြည်​တွင်း ပြည်​ပရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း​ပေါင်း ၁၆ ခုကိုခွင့်​ပြု ခဲ့ကြောင်းယင်း​ကော်​မရှင်​မှသိရသည်​။

အဆိုပါအစည်းအ​ဝေးတွင်​ နိုင်​ငံခြားရင်းနှီးမြှုပ်​​နှံမှုလုပ်​ငန်း​ပေါင်း ၁၀ခုကိုခွင့်​ပြု ခဲ့ပြီး ရင်းနှီးမြှုပ်​နှံမှုပမာဏ အ​မေရိကန်​​ဒေါ်လာ (၁၄၁ ဒသမ ၁၁၉)သန်းဝင်​​ရောက်​ခဲ့ရာ ယင်းလုပ်​ငန်းများမှအလုပ်​အကိုင်​​ပေါင်း ၂၄၉၅ ခု ကို​ဖန်​တီး​ပေးနိုင်​ခဲ့​ကြောင်းသိရသည်​။

ထိုသို့ခွင့်​ပြု ခဲ့သည့်​လုပ်​ငန်း ၁၀ခုမှာ စက်​မှုကဏ္ဍလုပ်​ငန်း ၆ခု၊ အခြားဝန်​​ဆောင်​မှုလုပ်​ငန်း ၂ခုနှင့်​ ​မွေးမြူ ​ရေးနှင့်​​ရေလုပ်​ငန်းကဏ္ဍလုပ်​ငန်း ၂ခုတို့ကိုခွင့်​ပြု ​ပေးခဲ့​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများညွှန်​ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှုချုပ်​ ဦးသန်း​အောင်​​ကျော်​က​ပြောသည်​။

အစည်းအ​ဝေးတွင်​မြန်​မာနိုင်​ငံသားရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း​ပေါင်း ၆ခုကိုခွင့်​ပြု ခဲ့ပြီး ရင်းနှီးမြှုပ်​နှံမှုပမာဏ အ​မေရိကန်​​ဒေါ်လာ (၆ ဒသမ ၆၆၅)သန်းဝင်​​ရောက်​ခဲ့ရာ အဆိုပါလုပ်​ငန်းများမှ ပြည်​တွင်းလုပ်​သားများအတွက်​ အလုပ်​အကိုင်​​ပေါင်း (၈၆၃)ခုကို ဖန်​တီး​ပေးနိုင်​ခဲ့​ကြောင်းသိရသည်​။

အဆိုပါ လုပ်​ငန်း ၆ခုမှာ အိမ်ရာအ​ဆောက်​အအုံတည်​​ဆောက်​ဖွံဖြိုးမှုကဏ္ဍ လုပ်​ငန်း (၁)ခု၊သတ္တု ကဏ္ဍ (၁)ခု၊အခြားဝန်​​ဆောင်​မှုကဏ္ဍ (၂)ခုနှင့်​ ဟိုတယ်​နှင့်​ခရီးသွားကဏ္ဍ (၂)ခုတို့ကို ခွင့်​ပြု ​ပေးခဲ့ခြင်းဖြစ်​သည်​။

ဝေ​ဝေဖြိုး

Leave a Reply