ဘယ်လ်ဂျီယံ ကစားသမားတွေ အများဆုံးပါဝင်နေတဲ့ ပရီးမီးယားလိဂ် ဆန်ကာတင်စာရင်း

0
196

ဖေဖော်ဝါရီ ၇ ၊ ၂၀၁၈

ဇန်နဝါရီလ အတွက်ထုတ်ပြန်လိုက်တဲ့ ပရီးမီးယားလိဂ် ဆန်ကာတင်စာရင်းမှာ ဘယ်လ်ဂျီယံကစားသမားတွေ ဦးဆောင်နေပါတယ်။

ဇန်နဝါရီလ အတွက် အကောင်းဆုံးကစားသမားဆုကို ရရှိရန် ချယ်လ်ဆီး ကစားသမား ဟာဇက်၊ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ၊ စပါးနောက်ခံလူ ဗာတွန်ဂမ်၊ စပါးကွင်းလယ်လူ အက်ကင်ဆန်၊ မန်စီးတီး တိုက်စစ်မှူး အဂူရို ၊ဘုန်းမောက်စ် တိုက်စစ်မှူး ဝဲလ်ဆင်တို့ ပါဝင်နေပါတယ်။

အဆိုပါ ကစားသမားတွေထဲမှာ ဒီဘရိုင်း ၊ ဟာဇက် ၊ ဗာတွန်ဂမ်တို့ဟာ ဘယ်လ်ဂျီယံ နိုင်ငံက ဘောလုံးသမားတွေ ဖြစ်ကြပါတယ်။

စပါးကွင်းလယ်လူ အက်ကင်ဆန်ဟာ မန်ယူကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့သလို ပရီးမီးယားလိဂ် အမြန်ဆုံးဂိုးကိုလည်း သွင်းယူခဲ့သူဖြစ်ပါတယ်။

အဆိုပါဆုများကို ဖေဖော်ဝါရီလ ဒုတိယအပတ်နဲ့ တတိယအပတ်အတွင်းမှာ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

NN

Leave a Reply