Colgate မှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၈ သောင်းကျော်ကို သွားကျန်းမာရေးအခမဲ့ စမ်းသပ်ပေးမည်

0
193

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၁၈

Colgateမှနှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လေ့ရှိသော (၆)ကြိမ်မြောက်သွားနှင့် ခံတွင်းကျန်းမာရေး အစီအစဉ် အဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းမှလူဦးရေ ၈ သောင်းကျော်ကိုသွားကျန်းမာရေးအခမဲ့စမ်းသပ်စစ်ဆေး မှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို Colgate-Palmolive နှင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီးမြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူပေါင်း ၈ဝဝဝဝ ကျော်ကို ဆေးရုံ ဆေးခန်းပေါင်း ၅၂၁ ခုနှင့် ချိတ်ဆက်ပြီး သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်းအား အခမဲ့စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ မြန်မာနိုင်ငံအနှံ့တွင် လုပ်ဆောင်မည်ဖြစ်သည်။

“ကျွန်မတို့ရဲ့ရည်ရွယ်ချက်အရလူကြီးလူငယ်မရွေးပျော်ရွှင်ကျန်းမာတဲ့ သွားနှင့်ခံတွင်းကိုပိုင်ဆိုင်နိုင်ဖို့အသိပညာပေးအစီအစဉ်တွေပြုလုပ်ရတာဖြစ်ပါတယ်။အခုဆိုရင်၆နှစ်အတွင်းColgateရဲ့နှစ်စဉ်သွားနှင့်ခံတွင်းကျန်းမာရေတစ်လတာအစီအစဉ်ကမြန်မာပြည်သူတွေသွားနှင့်ခံတွင်းဆိုင်ရာပြသနာတွေကြုံတဲ့ အခါကုန်ကျစရိတ်အသက်သာဆုံးနှင့်နာကျင်မှု ခံစားရအနည်းဆုံးဖြစ်ဖို့ ကြိုတင်ကာကွယ်စေလိုတဲ့ ရေရှည် အစီအစဉ်နဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်” ဟု Colgate ၏ Professional Relation မန်နေဂျာ Kanyaporn Kiattikulkomchon က ပြောသည်။

အများပြည်သူအား သွားနှင့်ခံတွင်း တစ်လတာ အခမဲ့စစ်ဆေးခြင်းကို ၂ဝ၁၃ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံအနှံ့ရှိသွား ဆေးခန်းပေါင်း ၄၇၄ ခန်းတွင် လူနာပေါင်း ၇ဝဝဝဝ ကျော်ကို အခမဲ့ စမ်းသပ်စစ် ဆေးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မေစု

Leave a Reply