မန်ယူကစားသမားဟောင်း အီဗရာကို ဝက်စ်ဟမ်း အသင်းခေါ်ယူ

0
162

ဖေဖော်ဝါရီ ၈ ၊ ၂၀၁၈

ပြင်သစ်ကလပ် မာဆေးအသင်းမှာ ကစားနေတဲ့ အီဗရာကို ဝက်စ်ဟမ်း အသင်းက ရာသီကုန်အထိ အငှါးခေါ်ယူခဲ့ပါတယ်။

အီဗရာဟာ မာဆေးအသင်းမှာ ပရိသတ်ကို ကန်ကြောက်ခဲ့မှုကြောင့် ပြင်သစ်လိဂ်ဝမ်းရဲ့  ကာလရှည် ပွဲပယ်ပစ်ဒဏ်ကို ခံထားရပြီး ယခုအခါ ဝက်စ်ဟမ်းအသင်းက ရာသီကုန်အထိ အငှါးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အီဗရာဟာ မိုနာကို ၊ မန်ယူ ၊ ဂျူဗင်တပ် ၊ မာဆေးလ် စတဲ့အသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး အင်္ဂလန်အမှတ်ပေးဖလား ၊ အီတလီအမှတ်ပေး ဖလား ၊ ချန်ပီယံလိဂ် ဖလား စတဲ့ အောင်မြင်မှုတွေကိုလည်း ရရှိထားပါတယ်။

“ကျွန်တော်က ဒူဘိုင်းမှာရောက်နေတာ ။ အပန်းဖြေနေတာပေါ့။ အဲ့အချိန်မှာ အေးဂျင့်က ဖုန်းဆက်လာတယ် ။ လန်ဒန်ကို ချက်ချင်းလာခဲ့ဖို့ လှမ်းခေါ်တယ်။ ဒီလည်ရောက်ရော ဝက်စ်ဟမ်း မှာ ကစားဖို့ ကိစ္စဖြစ်နေတယ်”လို့ အီဗရာက ဆိုပါတယ်။

အီဗရာဟာ အားနည်းနေတဲ့ ဝက်စ်ဟမ်း အသင်းရဲ့ ခံစစ်ကို ကူညီဖာထေးနိုင်ဖို့အတွက် နည်းပြ ဒေးဗစ်မိုရက်က ခေါ်ယူခဲ့သူဖြစ်ပြီး သူဟာ ကျောနံပါတ် ၂၇ ကို ဝတ်ဆင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။

NN

Leave a Reply