ဘဏ်​​ချေး​ငွေများနှင့်​အရစ်​ကျဝယ်​ယူနိုင်​မည့်​ အိမ်​ရာအ​ရောင်းပြပွဲ မတ်​လတွင်​ ကျင်းပမည်

0
218

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၈၊၂၀၁၈

အိမ်​ခြံ​မြေ အ​ရောင်း၊အဝယ်​၊အငှါး ဝဘ်​ဆိုဒ်​တစ်​ခုဖြစ်​သည့်​ ShweProperty.com က ပြုလုပ်​မည့်​ဘဏ်​​ချေး​ငွေများနှင့်​ အရစ်​ကျဝယ်​ယူနိုင်​​သော အိမ်​ရာအ​ရောင်းပြပွဲကို မတ်​လ ၁၆ရက်​မှ ၁၈ရက်​​နေ့အထိ ရန်​ကုန်​မြို့ရှိ တပ်​မ​တော်​ခန်းမတွင်​ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါပြပွဲ လူလတ်​တန်းစားများအတွက်​ အဓိကရည်​ရွယ်​ပြီး ပထမဆုံးအိမ်​ဝယ်​ယူလိုခြင်း၊ထပ်​မံရင်းနှီးမြှုပ်​နှံလိုခြင်းနှင့်​​ငွေ​ကြေးတစ်​လုံးတစ်​ခဲတည်း ရင်းနှီးမြှုပ်​နှံစရာမလိုဘဲ ဘဏ်​နှင့်​ချိတ်​ဆက်​ကာ အိမ်​ဝယ်​ယူ၍ရနိုင်​​စေရန်​ စီစဉ်​ကျင်းပပြုလုပ်​ခြင်းဖြစ်​​ကြောင်း ShweProperty ၏ တည်​​ထောင်​သူနှင့်​ဒါရိုက်​တာဖြစ်​သူ ဦး​ကောင်းသူဝင်းက​ပြောသည်​။

“ဒီနှစ်​ပြပွဲမှာဘဏ်​​တွေကအိမ်ရာ​ချေး​ငွေကိစ္စ​တွေကိုထပ်ပြီး​ကြေညာ
ပေးသွားမယ်​လို့ကြားတယ်​။ စီစဉ်​​နေတုန်းပါပဲ။ဘဏ်​​တွေအ​နေနဲ့က​တော့ တန်​ဖိုးသင့်​အဆင့်​ကို ​ထောက်​ပံ့​​ပေးသွားဖို့ရှိတယ်​။ဈေးကွက်​ထဲမှာတကယ်​လိုအပ်​​နေတာကလည်း တန်​ဖိုးသင့်​ အိမ်​လိုချင်​တဲ့သူ​တွေက ပိုများလာတယ်​။ပွဲ​တွေလုပ်​တယ်​ဆိုရင်​ ကျွန်​​တော်​တို့ဆီလာတဲ့ လူအများစုက ပထမဆုံး အိမ်​ဝယ်​မယ့်​သူ​တွေများ တယ်”ဟု၎င်းက​ပြောသည်​။

အဆိုပါပြပွဲတွင်​ကုမ္ပ​ဏီ​ပေါင်း ၆၀​ကျော်​မှမြန်​မာနိုင်​ငံရှိ အိမ်​ခြံ​မြေ ပ​ရောဂျက်​​ပေါင်း ၃၀၀​ ဝန်းကျင်​ ပါဝင်​ပြသမည်​ဖြစ်​ပြီး အနည်းဆုံး သိန်း ၁၅၀ရှိသည့်​ တိုက်​ခန်းမှ အများဆုံးသိန်း ၄၀၀၀ ထိရှိ​သော ကွန်​ဒိုများကို​ အရစ်​ကျစနစ်​ဖြင့်​ပြသ​ရောင်းချ​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ယင်းအိမ်​ရာများကို လူလတ်​တန်းစားများအတွက်​အဓိက ရည်​ရွယ်​​သော​ကြောင့်​ ကွန်​ဒို ၊တိုက်​ခန်းများ၏တန်​ဖိုးအ​ပေါ် မူတည်​၍ အရစ်​ကျ​ပေး​ချေနိုင်​မည့်​နှစ်​လည်း ​ပြောင်းလဲသွားမည်​​​ဖြစ်​ပြီး​သိန်း ၄၀၀ မှ ၅၀၀ကြားဝယ်​ယူသည့်​တိုက်​ခန်းအတွက်​ ၅နှစ်​အထိအရစ်​ကျ ​ပေးနိုင်​​သော်​လည်း သိန်း​ထောင်​ချီသည့်​ကွန်​ဒိုများကိုမူ ၁၀နှစ်​ မှ ၁၅နှစ်​အထိ နှစ်ရှည်ဘဏ်​​ချေး​ငွေပုံစံဖြင့်​ ​​အရစ်​ကျ ​ပေးသွင်း ရမည်​ဖြစ်​​ကြောင်းသိရသည်​။

ShweProperty အ​နေဖြင့်ပြည်​တွင်းသာမက စင်​ကာပူနိုင်​ငံတွင်​လည်း အိမ်​ရာအ​ရောင်းပြပွဲများကျင်းပပြုလုပ်​လျှက်​ရှိပြီး လာမည့်​မတ်​လအတွင်း တနသာင်္ရီတိုင်း​ဒေသကြီး၊မြိတ်​မြို့တွင်​ အိမ်​ရာအ​ရောင်းပြပွဲတစ်​ခုကို ဆက်​လက်​ကျင်းပရန်​စီစဉ်​ထား​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၈၊၂၀၁၈

Leave a Reply