အာဇာနည် (၁၇)ဦး ဗိမာန်ကို ပြခန်း၊ ပြတိုက်ပုံစံပြုလုပ်မည်

0
142

မန္တလေး၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် ရှိသည့်အာဇာနည် (၁၇) ဦးဗိမာန်ကို ပြခန်း၊ ပြတိုက်ပုံစံပြုလုပ်ရန် ရည်ရွယ်ထားကြောင်း နှစ်ပတ်လည်ပွဲ ကျင်းပရေးကော်မတီက သိရသည်။

အာဇာနည် (၁၇) ဦးဗိမာန်ကို ပြခန်း၊ ပြတိုက်ပုံစံ လုပ်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ပြီး ညှိနှိုင်းမှုများပြုလုပ်ရန် ကော်မတီတစ်ရပ်လည်းဖွဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

“မနှစ်ကမန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ကိုဇာနည်အောင် ပြောခဲ့ တာရှိတယ် ။ အာဇာနည်ဗိမာန် ထိန်းသိမ်းဖို့ ကော်မတီ တစ်ရပ် ဖွဲ့ဖို့ပြောတယ် ။ အာဇာနည်ဗိမာန်မှာ အာဇာနည်တွေရဲ့ ပုံတွေ ၊ ပုံတူ ပန်းချီတွေပြစေချင်တယ်။ ဒါမှ နှောင်းလူတွေ သိမယ်” ဟု အာဇာနည် (၁၇)ဦး နှစ်ပတ်လည်ပွဲကျင်းပရေးကော်မတီဝင် ဦးမင်းထက်ငြိမ်းချမ်း က ပြောသည်။

အာဇာနည် (၁၇)ဦး ၏ (၇၉) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဖေဖော်ဝါရီလ (၇) ရက်နေ့က ကျင်းပခဲ့ပြီး နောင်နှစ်တွင် ကျင်းပမည့် နှစ်(၈၀) ပြည့်ပွဲကို ခမ်းခမ်းနားနားကျင်းပနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။

နိုင်လင်းဦး

Leave a Reply