မုံရွာတွင် ခွေးရူးကိုက်၍ သံဃာတစ်ပါးနှင့် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိ

0
199

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သာစည်ရပ်ကွက် သာစည်လမ်းမကြီး ပေါ်တွင် ခွေးရူးတစ်ကောင်မှ လမ်းပေါ်တွင် သွားလာနေသော ရဟန်း ရှင်လူများကို ကိုက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၀၇၀၀ အချိန်မှ ၀၇၃၀ အချိန် အထိ မုံရွာမြို့၊ သာစည်ရပ်ကွက် သာစည်လမ်းမကြီး၌ ခွေးရူး တစ်ကောင်မှ လမ်းမကြီးတစ်လျောက် သွားလာနေသော အများပြည်သူ အား လိုက်ကိုက်ခဲ့သဖြင့် ဉူးစန္ဒာဝံသ၊ (၄၃)နှစ် မြို့မရွှေဂူ ကျောင်းတိုက်၊ မုံရွာမြို့နှင့် ကျော်ဆန်းလင်း၊ (၃၁)နှစ် အပါအ၀င် ၁၇ ဦး(သံဃာ ၁၊ ကျား ၉၊ မ ၇)မှာ ခွေးရူးကိုက်ခံရသည့် ဒဏ်ရာ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရသူများကို မုံရွာမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

MM

Leave a Reply