ဇောတိက ​ဂေါက်သီးရိုက်ပြိုင်ပွဲမှ ရရှိသည့်​ရန်ပုံငွေကို လိုတရ ဘုန်းတော်ကြီး စာသင်ကျောင်းအတွက် လှူဒါန်းမည်

0
169

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၈၊၂၀၁၈

PTTEP မြန်မာ့စီမံကိန်းကပြု လုပ်​သည့်​ပဉ္စမအကြိမ်မြောက် ဇောတိက ရန်ပုံငွေ ဂေါက်သီးရိုက်ပြိုင်ပွဲ ၂၀၁၈မှ ​ကောက်​ခံရရှိ​သောရန်ပုံငွေများ ကို လိုတရ ဘုန်းတော်ကြီး စာသင်ကျောင်းအတွက်​လှူဒါန်းသွား မည်​ဖြစ်​​ကြောင်း သတင်းထုတ်​ပြန်​ချက်​အရသိရသည်​။

အဆိုပါပြိုင်​ပွဲတွင်​ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော်ကောက် ခံရရှိခဲ့ပြီး ယင်းရန်ပုံငွေကို ဘုန်းကြီးကျောင်းရှိ ဆင်းရဲနွမ်းပါးသော ကလေးများနှင့်မိဘမဲ့ကလေး၃၉၆ယောက်အတွက် ကျောင်းဆောင် အသစ်ဆောက်လုပ်ရေး နှင့် နေ့စဉ်စားသောက်စရိတ် ထောက်ပံ့ရေး တို့တွင်လှူဒါန်းသွားမည်​ ဖြစ်​​ကြောင်း PTTEP မြန်မာ့စီမံကိန်းမှ သိရသည်​။

“ဆရာတော်တို့၂၀၁၃ခုနှစ်မှာစတည်ထောင်ခဲ့ပြီး ယနေ့ထိ အသက် ၄နှစ်ကနေ ၁၇နှစ်ရှိတဲ့ ကလေး ၄၀၀ကျော်ကိုကျွေးမွေးစောင့်ရှောက်နေ တယ်။ လတ်တလောမှာတော့ ဆရာတော်တို့ဆီမှာ အဆောက်အဦး တစ်ခုတည်းမှာပဲ ကျောင်းသားတွေရဲ့ အိပ်ဆောင်အနေနဲ့ရော စာသင်ဆောင်အနေနဲ့ရော အသုံးပြုနေရတယ်။ နှစ်တော်တော်ကြာ ကလေးတွေရဲ့ အခြေခံ လိုအပ်တာတွေ၊ပညာရေးအတွက်ထောက်ပံ့ မှုတွေနဲ့ကျောင်းဆောင်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ကို အများ ပြည်သူ လှူဒါန်းငွေတွေကို မှီခိုနေရတယ်။ အခုလို PTTEP မြန်မာ့စီမံကိန်းနှင့် လုပ်ဖော်ကိုင်ဖက်တွေ ရဲ့လှူဒါန်းမှုက ဆရာတော်တို့ ကျောင်းမှာရှိသောကလေးများအတွက် အများကြီး အထောက် အကူပြုပါတယ်။”​ဟု လိုတရ ဘုန်းတော်ကြီး စာသင်ကျောင်းမှ ဆရာတော်ဘဒ္ဒ န္တ္တတေဇိသာရမှ မိန့်ကြားခဲ့သည်။

ယင်းပြိုင်ပွဲကို ယခုနှစ် ဇန်န၀ါရီလ၂၀ရက်​က ရန်ကုန်မြို့ရှိ ရွိုင်ရယ် မင်္ဂလာဒုံဂေါက်ကလပ်တွင်​ကျင်းပပြုလုပ်ခဲ့ပြီး PTTEP မြန်မာ့စီမံကိန်း၏ အထွေထွေမန်ဂျာ Mr. Piya Sukhumpanumet ဦးဆောင်၍ မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝ
ဓါတ်ငွေ့ လုပ်ငန်း၊ PTTEP ရုံးချုပ်၊ PTTEP မြန်မာ့စီမံကိန်း၊ လုပ်ဖော်ကိုင်ဖက်များနှင့်ကန်ထရိုက်တာများပါဝင်သော ​ဂေါက်သီး ကစားသမားစုစုပေါင်း (၁၆၀)ဦး ပါဝင်ကစားခဲ့​ကြောင်းသိရသည်​။

“ဇောတိကရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲ ကတစ်ဆင့် ကျွန်တော်တို့ရဲ့ ပါတနာတွေရဲ့ အကူအညီနဲ့ မြန်မာပြည်မှာရှိတဲ့ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ အတွက် လိုအပ်တဲ့ ရန်ပုံငွေကို နည်းနည်းချင်းစီနဲ့ပုံမှန်စုဆောင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။ “ဟု PTTEP မြန်မာ့စီမံကိန်း၏အထွေထွေမန်​နေဂျာ Mr. Piya Sukhumpanumet ကပြောသည်။

အဆိုပါပြိုင်ပွဲများကို၂၀၁၄ခုနှစ်ကစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်
ပြီးနှစ်စဉ်ကောက်ခံရရှိသည့် ရန်ပုံငွေများကို ရန်ကုန်မြို့ကလေးများ ထိန်းသိမ်းစောင့်ရှောက်ကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများ၊ ဘုန်းတော်ကြီး စာသင်ကျောင်းများတွင်နေထိုင်သည့် မိဘမဲ့ ကလေး များနှင့် ဆင်းရဲနွမ်းပါးသော ကလေးများ၏ ပညာရေး၊ လူနေမှု ဘဝအခြေအနေ တိုးမြှင့်ရေးတို့တွင် အသုံးပြုခဲ့​ကြောင်းယင်းထုတ်​ပြန်​ချက်​မှသိရသည်​။

PTTEP မြန်မာ့စီမံကိန်းသည် ၂၀၁၄ခုနှစ်မှစ၍ ယခုချိန်ထိ ဂေါက်သီး ရိုက်ပြိုင်ပွဲမှ ကောက်ခံ ရရှိငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၄၀,၀၀၀ ကို မလိခမိန်းကလေးလေ့ကျင့်ရေးကျောင်း၊ ကျိုက်ဝိုင်း ယောက်ျားလေး လေ့ကျင့်ရေးကျောင်း၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းနှင့် မိဘမဲ့ ကလေးကျောင်း၊ နဝရတ် ဘုန်းတော်ကြီး စာသင်ကျောင်း နှင့် လိုတရ ဘုန်းတော်ကြီး စာသင်​​ကျောင်း​တို့တွင် လှူဒါန်းခဲ့​ကြောင်းသိရသည်​​။

ဝေ​ဝေဖြိုး

Leave a Reply