လာမယ့်နှစ်တွင် ရီးရဲနည်းပြအဖြစ် ဇီဒန်း ဆက်ရှိပါက အစ္စကိုအား ရောင်းထုတ်ဖွယ်ရှိ

0
191

ဖေဖော်ဝါရီ ၈ ၊ ၂၀၁၈

ရီရဲမက်ဒရစ်အသင်းတွင် ပြင်သစ်နိုင်ငံသား နည်းပြ ဇီဒန်းကို လာမယ်နှစ်အထိ ဆက်လက်ထားရှိပါက ကွင်းလယ်လူ အစ္စကိုအား ဇီဒန်းမှ ရောင်းထုတ်ဖွယ်ရှိနေကြောင်း AS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဇီဒန်းအနေနဲ့ လက်ရှိအချိန်မှာ အားနည်းနေသော အသင်းရဲ့ ကွင်းလယ်နေရာအတွက် စိတ်ပျက်နေပြီး ဘိုင်ယန်မြူးနစ်အသင်းသို့ အငှားသွားရောက်ကစားနေသော ဂျိမ်းရိုဒရီကွက်ကို သတိရနေပြီး ဂျိမ်းရိုဒရီကွက်ဟာ လက်ရှိကွင်းလယ်လူ အစ္စကိုထက် ပိုမို သာလွန်ကြောင်း ရီးရဲမက်ဒရစ် ဥက္ကဋ္ဌ ပီးရက်ထံသို့ ဇီဒန်းက တင်ပြခဲ့ပါတယ်။

ဇီဒန်းဟာ ယခုနှစ်ဘောလုံးရာသီမှာ အစ္စကိုရဲ့ ကစားပုံတွေကို လေ့လာခဲ့ပြီး သုံးသပ်မှုတွေလည်း ပြုလုပ်နေပါတယ်။ သူ့အနေနဲ့ အစ္စကိုရဲ့ ကစားဟန်တွေဟာ အသင်းကို အထောက်အပံ့မဖြစ်စေဘူးလို့ ယူဆနေပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာ ဇီဒန်းအနေနဲ့ ဘာနေဗျူးကွင်းကြီးထဲမှာ နည်းပြအဖြစ် ဆက်လက်တည်ရှိနေမယ်ဆိုရင် အစ္စကို ကို အသင်းကနေ ရောင်းထုတ်ဖို့ အရင်ဆုံး ပြုလုပ်ပါလိမ့်မယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါ အမှတ်ပေးဖလားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့်တစ် နေရာ မှ ဘာစီလိုနာနဲ့ ရမှတ် ၁၉မှတ် ကွာဟတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်း ရလဒ်ပိုင်းတွေ ဆိုးရွားနေမှုကြောင့် နည်းပြဇီဒန်းကို ထုတ်ပယ်ပြီး ချယ်လ်ဆီးနည်းပြ ကွန်တီနဲ့ အစားထိုးမယ့် သတင်းတွေလည်း ဆက်လက်ထွက်ပေါ် နေပါတယ်။

NN

Leave a Reply