မန်ယူဂိုးသမား ဒီဂီယာအနေနဲ့ သိပ်မကြာခင်မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ ဘယ်လာမီ ဟောကိန်းထုတ်

0
195

ဖေဖော်ဝါရီ ၈ ၊ ၂၀၁၈

လီဗာပူးလ်နဲ့ မန်စီးတီးကစားသမားဟောင်း ဘယ်လာမီက မန်ယူ ဂိုးသမား ဒီဂီယာဟာ သိပ်မကြာခင် အချိန်အပိုင်းအခြားတစ်ခုမှာ မန်ယူကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ရီးရဲမက်ဒရစ်အနေနဲ့ စပိန်ဂိုးသမား ဒီဂီယာကို ခေါ်ယူနိုင်ဖို့အတွက် ၃ နှစ်ခန့် ကြိုးစားခဲ့ဖူးပါတယ်။ သို့သော် အောင်မြင်မှု မရသေးပါဘူး။ ဒီဂီယာဟာ ၂၀၁၅ခုနှစ် သြဂုတ်လက အပြောင်းအရွှေ့ ဈေးကွက် ပိတ်ချိန်မှာ ရီးရဲမက်ဒရစ်ကို ရောက်ဖို့ နီးစပ်ခဲ့ပါတယ်။ သို့သော် စာရွက်စာတမ်း လွဲမှားမှုတွေကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့ပါဘူး။

“သူဟာ ရီးရဲကလိုချင်တဲ့ အဓိက ကစားသမားတစ်ယောက်ပါ။ ရီးရဲက သူ့ကို အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် အမြဲစောင့်ကြည့် နေခဲ့ပါတယ်။ သိပ်မကြာခင် အချိန်အပိုင်းအခြားတစ်ခုမှာတော့ ဒီဂီယာကို ရီးရဲမက်ဒရစ် ရသွားပါလိမ့်မယ်”လို့ ဘယ်လာမီက စကိုင်းစပေါ့ကို ပြောပါတယ်။

ဒီဂီယာဟာ တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေအပေါ် ခြေထောက်နဲ့ ကာကွယ်ဖျက်ထုတ်ရာမှာ ကျွမ်းကျင်သူဖြစ်ပြီး ရီးရဲမက်ဒရစ်အလိုရှိနေတဲ့ အဓိကဂိုးသမားပြသနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့်သူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ အထိ မန်ယူနဲ့ စာချုပ် ချုပ်ဆိုထားပြီး လာမယ့် နွေရာသီဈေးကွက်ဖွင့်ချိန်မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ ဘယ်လာမီက ဟောကိန်းထုတ်လိုက်ပါတယ်။

NN

Leave a Reply