တပ်​မ​တော်​နှင့်​​တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း KIOတရားဝင်​ထုတ်​ပြန်

0
216

ရန်ကုန် ၊ ​ဖေ​ဖော်​၀ါရီ ၈ ၊ ၂၀၁၈

တပ်​မ​တော်​နှင့်​​ ကချင်​လွတ်​​မြောက်​​ရေးအဖွဲ့အစည်း KIOတို့ယူနန်​ပြည်​နယ်​ တာလီမြို့တွင်​​ဖေ​ဖော်​၀ါရီ ၁ရက်​​နေ့က​တွေ့ဆုံ​ဆွေး​နွေးခဲ့​သည်​ဟု သတင်းများထွက်​​ပေါ်ခဲ့ပြီး ​တွေ့ဆုံမှုနှင့်​ပတ်သက်၍သီးခြား​ပြောဆိုကြ
ခြင်း မရှိခဲ့​သော်​လည်း KIOဗဟို​ကော်​မတီက ယ​နေ့ရက်​စွဲဖြင့်​​တွေ့ဆုံညှိနှိုင်းမှုကို တရားဝင်​သတင်းထုတ်​ပြန်​ခဲ့သည်​။

တွေ့ဆုံမှုကို တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံအာရှ​ရေးရာအထူးသံတမန်​၏ ညှိနှိုင်း​ပေးမှု​ကြောင့်​ တပ်​မတော်​ကာကွယ်​​ရေးဦးစီးချုပ်​ကိုယ်​စား ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်း​နောင်​နှင့်​KIOဥက္ကဋ္ဌအင်ဘန်လတို့​တွေ့ဆုံ​တွေ့ဆုံ​ဆွေး​နွေးခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

ယခုတွေ့ဆုံမှုသည် တပ်​မ​တော်​နှင့်​ KIOတို့၏ပထမဆုံးအကြိမ်​သီးခြား ​တွေ့ဆုံမှုဖြစ်​ပြီး KIOဘက်​မှ​ဒေသတည်​ငြိမ်​​ရေး ၊တိုက်​ပွဲများ​လျော့ချ​ရေးနှင့်​ ငြိမ်းချမ်း​ရေး​ဆောင်​ရွက်​ရာတွင်​အားလုံးပါဝင်​​ရေးနှင့်​ ပင်​လုံစာချုပ်​ ပင်​လုံကတိက၀တ်​နှင့်​အညီ ဖက်​ဒရယ်​ပြည်​​ထောင်​စု တည်​​ဆောက်​​ရေးကို ​ဆွေး​နွေးခဲ့ပြီး တပ်​မ​တော်​ဘက်​မှ KIAတပ်​ရင်း၁၄ဌာနချုပ်​အပါအ၀င်​ KIAတပ်​စခန်းများဖယ်​ရှား​ပေးရန်​နှင့်​ အချို့​သော KIAတပ်​မဟာများကို အသိအမှတ်​မပြုနိုင်​ဟု​ဆွေး​နွေး ခဲ့​ကြောင်း KIOထုတ်​ပြန်​ချက်​အရသိရသည်​။

တွေ့ဆုံ​ဆွေး​နွေးမှုတွင်​နှစ်​ဖက်​သ​ဘောတူညီနိုင်​သည့်​ ကတိ က၀တ်​ပြုသည့်​ သ​ဘောတူညီချက်​မရရှိခဲ့​သော်​လည်း ထပ်​မံ​တွေ့ဆုံ​ဆွေး​နွေးရန်​ နှစ်​ဖက်​ဆန္ဒရှိ​ကြောင်း ထုတ်​ပြန်​ချက်​အရသိရသည်​။

ဖေ​ဖော်​၀ါရီ ၁ရက်​​နေ့​တွေ့ဆုံပွဲအပြီးတွင်​ နှစ်​ဖက်​စလုံးမှ သတင်း ထုတ်​ပြန်​ခဲ့ခြင်းမရှိ​သော်​လည်း နိုင်​ငံ​ရေးအရ​တွေ့ဆုံ​ဆွေး​နွေးနိုင်​​ရန်​အတွက်​ တိုက်​ပွဲများ​လျော့ချနိုင်​​ရန်​ ​တွေ့ဆုံ​ဆွေး​နွေးမှုမှ အ​ဖြေ ရှာနိုင်​​ရေး ​တွေ့ဆုံခြင်း ဖြစ်​​ကြောင်း KIO​ပြောခွင့်​ရပုဂ္ဂိုလ်​ဗိုလ်​မှူးကြီး​နော်​ဘူက ပဉ္စမလှိုင်းသို့ ​ပြောဆိုထား သည်​။

ကိုဥာဏ်

Leave a Reply