3rd Myanmar Health Expo 2018ပြုလုပ်မည်

0
204

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉၊ ၂၀၁၈

slient killer(အသံတိတ်လူသတ်သမား)ကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့်ဆီးချိုရောဂါနှင့်ကင်ဆာရောဂါများအကြောင်းကိုပြည့်စုံစွာသိရှိနိုင်မည့်ဆွေနွေးအသိပေးခြင်းများပါဝင်သော3rd Myanmar Health Expo 2018ကိုဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ(၁၈)ရက်နေ့အထိတပ်မတော်ခန်းမတွင်ကျင်းပသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များအသင်း၏ပြပွဲအကြောင်းစာနယ်ဇင်းရှင်းလင်းပွဲမှသိရသည်။

အဆိုပါပြပွဲကြီးကိုမြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်လုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပခြင်းဖြစ်ရာအသင်းဝင်ဆေးကုမ္ပဏီပေါင်း၅၀ကျော်နှင့်FDAပြခန်းများ အသဲဖောင်ဒေးရှင်း ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းနှင့်ဆီးချိုသွေးချိုကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့စသောကျန်းမာရေးနယ်ပယ်မှအသင်းအဖွဲ့များ၏ပြခန်းများလည်းပါဝင်မည်ဖြစ်သည်။

“ဒီပြပွဲမှာကျန်းမာရေးပစ္စည်းအမျိုးအစားတော်တော်စုံစုံလင်လင်အားလုံးပါဝင်မယ်လို့ကျွန်တော်ပြောလိုပါတယ်။ပြပွဲမှာပြသရောင်းချသွားမယ့်ဆေးနဲ့ဆက်စပ်ပစ္စည်းတွေကပြည်တွင်းမှာတရားဝင်မှတ်ပုံတင်ပြီးသားဖြစ်လို့အခုပွဲမှာပြခန်းယူထားတဲ့ကုမ္ပဏီတွေမှာအများပြည်သူအနေနဲ့သိချင်တဲ့ဆေးဝါးတွေကိုသေချာမေးမြန်းတာပဲဖြစ်ဖြစ်ဝယ်ယူသုံးစွဲတာပဲဖြစ်ဖြစ်ပြုလုပ် နိုင်ဖို့ရည်ရွယ်ချက်ရှိရှိနဲ့ဆေးဝါးတုပြသနာကိုလည်းဖြေရှင်းပြီး ဖြစ်စေဖို့ပြပွဲကြီးပြုလုပ်တာဖြစ်ပါတယ်”ဟုမြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များအသင်းမှတွဲဖက်အတွင်းရေးမှူး – ၂ ဒေါက်တာဝင်းကြိုင်ကပြောသည်။

3rd Myanmar Health Expo 2018ပြပွဲ၏ဒုတိယနေ့ရက်ဖြစ်သောဖေဖော်ဝါရီလ၁၇ရက်နေ့တွင်မြန်မာနိုင်ငံဆီးချို သွေးချိုရောဂါအသင်းဥက္ကဌပါမောက္ခဒေါက်တာတင့်ဆွေလတ်မှရောဂါနှင့်ပက်သက်၍သိလိုသမျှမေးမြန်း မှု ကို ဖြေကြားပေးမည်ဖြစ်ပြီးဖေဖော်ဝါရီလ၁၈ရက်ပြပွဲနောက်ဆုံးနေ့တွင်လည်းရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှကင်ဆာရောဂါများအကြောင်းနှင့်ရင်သားကင်ဆာဖြစ်ပွားမှုအားစောစီးစွာသိရှိနိုင်ရန်ရင်သားကင်ဆာအကြိုစမ်းသပ်စစ်ဆေးမှုနှင့်ရင်သားတုစမ်းသပ်ပုံစမ်းသပ်နည်းများကိုပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မေစု

Leave a Reply