သြစ​တြေးလျ မဟာဘွဲ့ပညာသင်​ဆုကို ဧပြီလကုန်​ထိ​ ​ လျှောက်​ထားနိုင်

0
192

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၉၂၀၁၈

သြစ​တြေးလျအစိုးရက​ပေးအပ်​သည့်​ ၂၀၁၉ခုနှစ်​အတွက်​ မဟာဘွဲ့ပညာသင်​ဆုများကို ​ဖေ​ဖော်​ဝါရီလ ၁ရက်​မှစ၍ ဧပြီလကုန်​အထိ ​နောက်​ဆုံးထား ​လျှောက်​ထားနိုင်​​ကြောင်း ရန်​ကုန်​မြို့အ​ခြေစိုက်မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံရုံးမှသိရသည်​။

မြန်​မာနိုင်​ငံ၏ နိုင်​ငံ​ရေး၊လူမှု​ရေးနှင့်​စီးပွား​ရေးပြု ပြင်​​ပြောင်းလဲမှုများတွင်​ ကူညီသည့်​အ​နေဖြင့်​ သြစ​တြေးလျအစိုးရမှ ​ပေးအပ်​သည့်​ ပညာသင်​ဆုများဖြစ်​ပြီး ပညာ​ရေးဆိုင်​ရာ စီမံခန့်​ခွဲမှု၊သဘာဝ​ဘေးအန္တရာယ်​စီမံခန့်​ခွဲမှု၊သဘာဝအရင်းအမြစ်​စီမံခန့်​ခွဲမှု၊လူသားအရင်းအမြစ်​ဖွံဖြိုးတိုးတက်​​ရေး၊နိုင်​ငံတကာဆက်​ဆံ​ရေး၊ပြည်​သူ့​ရေးရာမူဝါဒနှင့်​စိုက်​ပျိုး​ရေး စသည့်​ဘာသာ​ရပ်​များအတွက်​ ယင်းဆုကို ​လျှောက်​ထားနိုင်​မည်​ဖြစ်​သည်​။

မဟာဘွဲ့ပညာသင်​ဆုကို ​လျှောက်​ထားလိုသူများအ​နေဖြင့်​ သြစ​တြေးလျ သံရုံးhttp://myanmar.embassy.gov.au/ မှတစ်​ဆင့်​ အ​သေးစိတ်အချက်​အလက်​များကို ဖတ်​ရှု​လေ့လာ၍ http://oasis.dfat.gov.au မှတစ်​ဆင့်​ ​လျှောက်​ထားနိုင်​မည်​ဖြစ်​​ကြောင်းသိရသည်​။

ယင်းပညာသင်​ဆုရရှိသူများအ​နေဖြင့်​ အသွားအပြန်​​လေယာဉ်​စရိတ်​၊ပညာသင်​စရိတ်​၊​နေထိုင်​စရိတ်​၊ပညာသင်​ကာလအတွင်း ကျန်းမာ​ရေးအာမခံနှင့်​ သု​တေသနကုန်​ကျစရိတ်​စသည့်​ ခံစားခွင့်​များကို သြစ​တြေးလျအစိုးရက ​ပေးအပ်​မည်​ဖြစ်​​ကြောင်းသိရသည်​။

အဆိုပါ ပညာသင်​ဆု ​လျှောက်​ထားရမည့်​ ကိစ္စနှင့်​ပတ်​သက်​၍ ​​​နေပြည်​​တော်​၊မန္တ​လေးနှင့်​ ​တောင်​ကြီးတို့တွင်​ ယခုလအတွင်း ​ဆွေး​နွေးပွဲများ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply