ပြည်​ပနိုင်​ငံများမှ ပညာ​ရေးကဏ္ဍတွင်​ လာ​ရောက်​ရင်​နှီးမြှုပ်​နှံရန်​ စိတ်​ဝင်​စား​နေ

0
199

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၉၊၂၀၁၈

ပြည်တွင်းပညာရေးကဏ္ဍတွင် နိုင်​ငံတကာမှလာ​ရောက် ရင်းနှီးမြှပ်နှံရန်​ စိတ်​ဝင်​စား​နေ​ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှ့န်ကြားမှုဦး စီးဌာန မှသိရသည်​။

ပညာ​ရေးကဏ္ဍတွင်​ လာ​ရောက်​ရင်းနှီးမြှုပ်​နှံရန်​ စင်​ကာပူ၊ EU၊ ဂျပန်​နှင့်​ နယူးဇီလန်​နိုင်​ငံတို့မှ စိတ်​ဝင်​စားမှုများရှိ​နေ​ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှ့န်ကြားမှုဦး စီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ဦးသန်း​အောင်​​ကျော်​က​ပြောသည်​။

“မကြာခင်​မှာ​မျှော်​လင့်​ရ​တော့ ပညာ​ရေးမှာရင်းနှီးမြှုပ်​နှံဖို့ တန်းစီ​နေကြ တယ်​။ ပညာ​ရေး ရင်းနှီးမြှုပ်​နှံမှုကို ဘယ်လိုကိုင်​တွယ်​ပြီး​တော့ ရင်းနှီးမြှုပ်​နှံမလဲဆိုတာ လုပ်​ထုံးလုပ်​နည်းမကြာခင်​မှာထွက်​မယ်​။အရင်​ဆုံး ဝင်​လာနိုင်​တာက စင်​ကာပူက အရင်​ဆုံးဖြစ်​​လောက်​တယ်​”ဟု၎င်းက​ပြောသည်​။

နိုင်​ငံတကာမှ ပညာ​ရေးကဏ္ဍတွင်​ လာ​ရောက်​ရင်းနှီးမြှုပ်​နှံရန်​ စိတ်​ဝင်​စား​နေ​သော​ကြောင့်​ မြန်​မာနိုင်​ငံ ရင်းနှီးမြှုပ်​နှံမှု​ကော်​မရှင်​ မှ ပညာ​ရေးနှင့်​ ပတ်​သက်​သည့်​ ရင်းနှီးမြှုပ်​နှံမှု လုပ်​ထုံးလုပ်​နည်းများကို မကြာမီအချိန်​တွင်​ ထုတ်​ပြန်​​ပေးသွားမည်​ဖြစ်​​ကြောင်းဦးသန်း​အောင်​​ကျော်​က​ပြောသည်​။

နိုင်​ငံတကာ ပညာရေးတက္ကသိုလ်များ၊ ပညာရေးကျောင်းများ၊
နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့်သင်ကြားနေသည့် ကျောင်းများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းကျောင်းများမှ ပြည်​တွင်း ပညာ​ရေးကဏ္ဍတွင်​ ရင်းနှီးမြှုပ်​နှံရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) သို့ လာရောက်ဆွေးနွေးမှုများရှိ​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply