ဘာစီလိုနာကစားသမားဘ၀မှာ ပထမဆုံး သွင်းဂိုးရရှိခဲ့တဲ့ ကော်တင်ဟို

0
196

ဖေဖော်ဝါရီ ၉ ၊ ၂၀၁၈
စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲဖြစ်သော ဗလင်စီယာ အသင်းနဲ့ ဘာစီလိုနာတို့ရဲ့ပွဲစဉ်မှာ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာတဲ့ ကော်တင်ဟိုဟာ သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း ဂိုးမရှိသရေဖြစ်နေခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဒုတိယပိုင်း ၄၉ မိနစ်အရောက်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ပံ့ပိုးမှုကတဆင့် ကော်တင်ဟိုက အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအတွက် ဒုတိယမြောက်ဂိုးကိုတော့ ၈၂မိနစ်မှာ ရာကီတစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးဟာလည်း ဆွာရက်ဇ်ရဲ့ ပံ့ပိုးမှုကနေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲ အနိုင်ကြောင့် ဘာစီလိုနာတို့ဟာနှစ်ကျော့ပေါင်း ၀-၃ ရလဒ်နဲ့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ လီဂါနက်ကို နှစ်ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ဆီဗီးလားအသင်းနဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။

NN

Leave a Reply