ဖွံ့ဖြိုးမှုနည်း​သော​ဒေသများတွင်​ ရင်းနှီးမြှုပ်​နှံမှု အဝင်​နည်း​သော​ကြောင့်​ အခွန်​ကင်းလွတ်​ခွင့်​များ ပြန်​လည်​သုံးသပ်​မည်

0
204

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၉၊၂၀၁၈

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွဲဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုဇုန်များ သတ်မှတ်၍အခွန်ကင်းလွတ်ခွင့်ပေးနေမှုများတွင်​ ဖွံ့ဖြိုးမှုနည်း​သော​ဒေသများသို့ ရင်းနှီးမြှုပ်​နှံမှုအဝင်​နည်း​သော​ကြောင့်​ အခွန်​ကင်းလွတ်​ခွင့်​များကိုပြန်လည် သုံးသပ်ပြင်ဆင်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

ယင်းသို့ ဇုန်များသတ်မှတ်၍ အခွန်ကင်းလွတ်ခွင့်ပေးရာတွင် ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများသို့ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခြင်း
မရှိဘဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စုပြုံဝင်ရောက်မှုကြောင့် အခွန်ကင်းလွတ်ခွင့်များကို ပြန်လည် သုံးသပ်ရခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှုးချုပ်​ ဦးသန်း​အောင်​​ကျော်​က​ပြောသည်​။

“အခုပြန်​ပြီး​တော့ တိုင်း​ဒေသကြီး၊ပြည်​နယ်​​တွေ မြို့နယ်​အလိုက်​ကို Review ပြန်​လုပ်​​​နေတယ်​။လမ်းပန်းဆက်​သွယ်​​ရေး၊လျှပ်​စစ်​မီး၊ကျွမ်းကျင်​​လုပ်​သား၊လုံခြုံ​ရေး၊ဒီ ၄ခု​ပေါ်မှာ အမှတ်​​ပေးတဲ့ စနစ်​ကိုလုပ်​ထားတယ်​။ အဲ့တာ​တွေကိုမြို့နယ်​​တွေကို ပြန်​ဖြန့်​​ပေးမယ်​။”ဟု၎င်းက​ပြောသည်​။

မြန်​မာတစ်​နိုင်​ငံလုံး ရင်းနှီးမြှုပ်​နှံမှု၏ ၇၀ရာခိုင်​နှုန်း​ကျော်​သည်​ ရန်​ကုန်​တိုင်း​ဒေသကြီးသို့ ဝင်​​ရောက်​​နေခြင်းဖြစ်​​သော​ကြောင့်​ အခြားဒေသ များသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်ရန် မြို့နယ်အလိုက် စံသတ်မှတ် ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇုန်ပြဋ္ဌာန်းချက်ကို ဥပဒေအရ အစိုးရမှ သတ်မှတ်ခြင်းဖြစ်၍ ယခုအခါ တစ်နှစ်ပြည့် ပြီဖြစ်​သော​ကြောင့် ပြန်လည်သုံးသပ်ခြင်းဖြစ်ပြီး ယင်းသို့ ပြန်လည်သုံးသပ်ရာတွင် ဂျပန်နိုင်ငံမှ တည်ထောင်ပေးထားသော အာဆီယံစင်တာ အကူအညီဖြင့် အကျိုးအမြတ်ကို ပြန်လည် သုံးသပ်ခြင်းဖြစ်​သည်​။

ရင်းနှီးမြှုပ်​နှံမှုများပြုလုပ်​ရန်​ဇုန်​သတ်​မှတ်​​ရာတွင်​ ဇုန်​ (၁)သည်​ ဖွံဖြိုးမှုနည်းပါးသည့်​ ​ဒေသများဖြစ်​၍ အခွန်​ကင်းလွတ်​ခွင့်​ ၇နှစ်​ ရရှိမည်​ဖြစ်​ကာ၊ ဇုန်​ (၂)သည်​ဖွံ့ဖြိုးမှု အထိုက်​အ​လျောက်​ရှိ​သော ​ဒေသများဖြစ်​၍ အခွန်​ကင်းလွတ်​ခွင့်​ ၅နှစ်​ရရှိမည်​ဖြစ်​ပြီး ဇုန်​ (၃)သည်​ ဖွံဖြိုးမှု အ​ကောင်းမွန်​ဆုံး ​ဒေသများဖြစ်​၍ အခွန်​ကင်းလွတ်​ခွင့်​ ၃နှစ်​ ရရှိမည်​ဖြစ်​သည်​။

ဝေ​ဝေဖြိုး

Leave a Reply