ပဲခူးမြစ်အားကယ်တင်ခြင်းခေါင်းစဉ်ဖြင့် စည်ပင်ဌာနနှင့် လူမှုအဖွဲ့အစည်း များ ပူးပေါင်း၍ ကမ်ပိန်းပြုလုပ်မည်

0
158

ပဲခူး၊ ဖေဖော်ဝါရီ ၉၊ ၂ဝ၁၈

ပဲခူးမြစ်ရေအရည်အသွေးကျဆင်းခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်း ပျက်စီး မှုများအားလျှော့ချနိုင်ရန် ရည်ရွယ်၍ ပဲခူးအခြေစိုက် လူမှု အဖွဲ့ အစည်းများပူးပေါင်းကာ ‘ပဲခူးမြစ်အားကယ်တင်ခြင်း’ကမ်ပိန်းကို ယခုလ ဒုတိယပတ်အတွင်း စတင်ပြု လုပ်သွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

စည်ပင်သာယာဌာနနှင့် ပူးပေါင်းလုပ်ဆောင်မည့် လူမှုအဖွဲ့အစည်းများ အနက် I Love Bago အဖွဲ့နှင့် Save Bago River ဖွဲ့တို့မှ လူအင်အား ၃ဝ ဦး ကျော် ဖြင့် ဒေသခံများသို့ ပဲခူးမြစ်အတွင်းစည်းကမ်းမဲ့ အမှိုက် မစွန့်ပစ်စေရေး လက်ကမ်း စာစောင်းများဖြန့်ဝေမည့်အပြင် မြစ်ကူး တံတားပေါ်နှင့် လူနေထူထပ်သောနေရာများ၌လည်း နေ့/ညစောင့်ကြည့် သွားမည့် အစီအစဉ်ပါထည့်သွင်းထားကြောင်း သိရသည်။

“နှစ်ပေါင်းများစွာကတည်းက ပဲခူးမြစ်ကို ကျွန်တော်တို့ သတိ မထားခဲ့ကြတော့ ခုအချိန်မှာ အတော်လေးကိုပျက်ဆီးနေပါပြီ။ မြစ်ရေတွေနောက်ကျိနေတဲ့အပြင် မြစ်ထဲမှာလည်း အမှိုက်တွေက ပေါလောမျောနေတာမြင့်ရတော့ ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လိုမှ စိတ်ထဲမကောင်း။ ဒါကြောင့် ဒီလှုပ်ရှားမှုကို စတင်ဖို့ စီစဉ်ရတာဖြစ်ပါ တယ်” ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်ခင်က ပြောသည်။

ပဲခူးမြစ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများပြားလာခြင်းကြောင့် တိမ်ကောမှုများရှိလာနေပြီး၊ မြစ်အတွင်းရှိ ရေသယံဇာတများ ပျက်သုဉ်းလာသည့်အပြင် မိုးရာသီများ၌ ရေကြီးရေလျှံမှုများနှစ်စဉ် ကြုံတွေ့လာရကြောင်း ၎င်းက ဆက်ပြောသည်။

“ နိုင်ငံတကာမှာမြစ်ချောင်းတွေကိုမျက်နှာမူပြီး စောင့်ရှောက်ကြတယ်။
ကျွန်တော်တို့ဆီမှာက ကျောပေးထားသလိုဖြစ်နေတယ်။ အဲဒီတော့ တန်ဖိုးမထားကြတော့ဘူး။ ပဲခူးမြစ်ကိုချစ်တဲ့သူတွေစုပေါင်းပြီး၊ အသိပညာပေးစာရွက်စာတမ်းတွေကမ်းသွားမှာပါ။ နောက်တစ်ခုက နေ့/ညဖက်ကိုအမှိုက်မပစ်နိုင်ရေး အတွက်စောင့်ကြည့်မှာပါ။ တစ်လ အထိ ဆောင်ရွက် သွားမှာဖြစ်ပြီး၊ ကျန်ရက်တွေမှာရှောင်တခင်စောင့်ဖမ်း သွားမှာပါ။ မြစ်ထဲအမှိုက်ပစ်သူတွေကို ဒဏ်ရိုက်တာ၊ တွေဥပဒေနဲ့ အရေးယူ တာတွေ၊ မြစ်ရိုးတစ်လျှောက်ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေပါ ပါလာအောင်ဆောင်ရွက်သင့်ပါတယ်” ဟု ကမ်းပိန်းတွင် ဦးဆောင်ပါဝင် သူ ဦးကိုကိုနိုင်က ပြောသည်။

၂ဝ၁၇ ခုနှစ်တွင် နော်ဝေနိုင်ငံရေသုတေသန(NIVA)အဖွဲ့မှပဲခူးမြစ်သည် ၁၆၅ မိုင်ရှည်လျားပြီး၊ ပဲခူးရိုးမတောင်ခြေမှ စီးဆင်းကာမြစ်အစပိုင်းတွင် ရေသန့်စင်မှုရှိခဲ့သော်လည်းမြစ်ရိုးတစ်လျှောက်ပဲခူးမြို့ကိုဖြတ်သန်းစီး ဆင်းစဉ်လူနေထူထပ်သည့်(၃)မိုင်ခန့်တွင် မြစ်အတွင်းကို အမှိုက်များ စွန့်ပစ်ထားမှု၊ မြစ်ထဲဘက်သို့လှည့်ပြီး အိမ်သာများ တည်ဆောက် ထားမှုနှင့် စိုက်ပျိုး ရေးလုပ်ငန်းများကြောင့် ဓါတုဆေးရည်များ မြစ်ထဲ စီးဝင်မှုတို့ကြောင့် မြစ်ရေညစ်ညမ်းမှုဖြစ်ပေါ်ကာ(အနီရောင်)အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

မိုးမြေ

Leave a Reply