တရုတ်နှစ်သစ်ကူးပွဲတွင် LEDမီးပုံး၄၅၀၀ကျော်ဖြင့် အလှဆင် သွားမည်ဖြစ်ပြီး ယခင်နှစ်များထက်ပိုမိုစည်ကားစွာ ကျင်းပသွားမည်

0
179

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ၊၂၀၁၈

ရန်ကုန်မြို့တွင်ကျင်းပမည့် တရုတ်နှစ်သစ်ကူးပွဲကို တိုင်းဒေသကြီးအဆင့် ပွဲအဖြစ်ကျင်းပမည်ဖြစ်ကာ LEDမီးပုံး၄၅၀၀ ကျော်ဖြင့်အလှဆင်မည်ဖြစ် ကာ ယခင်နှစ်များကထက်ပိုမိုစည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နှစ်သစ်ကူး ပွဲတော်တည်ဆောက်ရေးအဖွဲ့ တာဝန်ခံဦးအောင်လှ ကပြောသည်။

“မနှစ်ကမီးပုံး ၃၀၀၀ကျော်သုံးခဲ့တယ်။ ဒီနှစ်တော့ တရုတ်နိုင်ငံကနေ LEDမီးပုံးတွေထပ်မှာထားတယ် ၄၅၀၀ကျော်နဲ့ အလှဆင်သွားမယ် မနှစ်ကမပါတဲ့မုဒ်ဦး ၂ခုတပ်မယ် လမ်းမတော်လမ်းထိပ်မှာတစ်ခုရယ်။ ရွှေတိဂုံဘုရားလမ်းဘက် အခြမ်းမှာတစ်ခုရယ်နှစ်ခုတပ်မယ်။ ပြီးတော့ ဂရိတ်ဝေါပုံစံတူ တည်ဆောက်ပြီး အများပြည်သူဓါတ်ပုံရိုက်လို့ရမယ့်နေ ရာရှိမယ်။ လသာလမ်းကနေလမ်းမတော်လမ်းအထိလမ်းထိပ်တိုင်းမှာ အလျားပေ ၂၀ ၊အမြင့် ၁၁ပေရှိတဲ့မုဒ်ဦးတွေ ဆောက်မယ်”ဟု ဦးအောင်လှကပြောသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို တိုင်းဒေသကြီးအဆင့် ကျင်းပခြင်းကို ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ယခင်နှစ်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

“၀န်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ တရုတ်သံအမတ်ကြီးရဲ့ပံပိုးမှုနဲ့ တိုင်းဒေသကြီးအဆင့်လုပ်ဆောင်တာပါ”ဟု ဦးအောင်လှ ဆိုသည်။

ဖေဖော်ဝါရီ ၁၅ရက်နေ့နံနက် ၄နာရီတွင် သံဃာတော်အပါး ၁၀၀၀ ၊ သီလရှင် အပါး ၅၀၀ ၊တရုတ်သံဃာတော်နှင့်သီ လရှင် အပါး၁၀၀ တို့အား အာရုံဆွမ်းလောင်းလှူသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ရက်နေ့နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကို မဟာဗန္ဓုလ လမ်းနှင့်လမ်းမတော်လမ်းထိပ်တွင်ကျင်းပမည် ဖြစ်ပြီး ယင်းနေ့ပိတ်ပွဲ အခမ်းအနားကို လသာလမ်း (အောက်ဘလောက်) တွင်ပြုလုပ် သွားမည် ဖြစ်ကာ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအပြီးတွင် စတုဒီသာလှူဒါန်းခြင်း၊ တရုတ်ရိုးရားခြေင်္သေ့အကအဖွဲ့ ၁၇ဖွဲ့နှင့်နဂါးအက အဖွဲ့ ၁၁ဖွဲ့တို့မှ ဖျော်ဖြေကြမည်ဖြစ်ပြီး စတိတ်ရှိုးအစီအစဉ်ကိုလည်း ထည့်သွင်း ထားကြောင်း ဦးအောင်လှကပြောသည်။

နှစ်သစ်ကူးပွဲတော်အခမ်းအနားအတွက် မုခ်ဦးဒီဇိုင်းပြင်ဆင်မှုနှင့် LEDမီးပုံးများချိတ်ဆွဲအလှဆင်မှုအတွက် တရုတ်နိုင်ငံမှ ပညာရှင် များကလာရောက်တပ်ဆင်လုပ်ကိုင်ပေးခြင်းဖြစ်ပြီး အဆိုပါမီးပုံးများကို မတ်လ ၅ရက်နေ့အထိချိတ်ဆွဲပြသသွားမည်ဖြစ်ကြောင်းသိရသည်။

“သက်ဆိုင်ရာဘက်ကထပ်မံခွင့်ပြုချက်ကျရင်တော့ မတ်လ၅ရက်နေ့ ကျော်တဲ့အထိပြသဖို့ရည်ရွယ်ထားပါတယ်”ဟု၎င်း ကပြောသည်။

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယူနန်အမျိုးသားအသင်း၊ ဖူကျန့် အမျိုးသားအသင်း ၊ကွမ်တုံကုန်သည်ကြီးများအ သင်းနှင့် တရုတ် ကုန်သည်ကြီးများအသင်းတို့မှအလှည့်ကျဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး ယခုနှစ်(ခွေးနှစ်မင်္ဂလာ)အတွက် ယူနန်အမျိုးသားအသင်းမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

ကိုဥာဏ်

Leave a Reply