အယ်လ်အေဂလက်ဆီကိုပြောင်းဖို့အတွက် မန်ယူလေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းနေသော အီဗရာဟီမိုဗစ်

0
154

ဖေဖော်ဝါရီ ၉ ၊ ၂၀၁၈

မန်ယူအသင်းရဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အမေရိကန်မေဂျာလိဂ် ကလပ်ဖြစ်သော အယ်လ်အေဂလက်ဆီကို ပြောင်းရွှေ့ဖို့အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နေသလို ဆေးစစ်မှုတွေလည်း မန်ယူလေ့ကျင့်ရေး ကွင်းမှာ ဆောင်ရွက်နေပါတယ်။

မန်ယူအသင်းနဲ့ အီဗရာ ဟီမိုဗစ်တို့ရဲ့ အခြေအနေဟာ ကစားသမားရဲ့ ဒဏ်ရာပြသနာကြောင့် မရေရာမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ဆွီဒင်တိုက်စစ်မှူးဟာ မေဂျာလိဂ်မှာ ခြေချဖို့အတွက် တွေးဆမှုတွေလည်း ပြုလုပ်နေပြီလို့ သိရပါတယ်။

အီဗရာဟီမိုဗစ်ဟာ ဒူခေါင်းဒဏ်ရာ ပြန်လည်ရရှိခဲ့မှုကြောင့် ဒီဇင်ဘာ ပွဲကြပ်ကာလကတည်းက ယနေ့အထိ မန်ယူအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာနိုင်ခဲ့ခြင်း မရှိတော့ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအတွက် ၄၆ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၂၈ ဂိုးအထိ သွင်းပေးခဲ့ပါတယ်။

အယ်လ်အေဂလက်ဆီအသင်းဟာ အီဗရာဟီမိုဗစ်ရဲ့ သတင်းကို နားအမြဲစွင့်နေခဲ့ပြီး အခြေအနေပေးပါက ခေါ်ယူနိုင်ဖို့အတွက် အသင့်ပြင် ထားခဲ့ပါတယ်။ ယခုအခါမှာတော့ အခွင့်အရေးတွေဟာ တံခါးလာခေါက် ခဲ့ပါပြီ။ အီဗရာဟီမိုဗစ်ဟာ မက်ဆီ ၊ နေမာ တို့လိုပဲ ဆုဖလားပေါင်းများစွာ ကို ကိုင်မြှောက်ထားနိုင်တဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အဆိုပါကစားသမားကို အယ်လ်အေဂလက်ဆီအသင်းအနေနဲ့ အလိုရှိနေတယ်လို့ ဂလက်ဆီအသင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

NN

Leave a Reply