တိုင်းရင်းသားစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်မည်

0
181

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၀ ၊၂၀၁၈

မြန်မာနိုင်ငံရှိ တိုင်းရင်းသား စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များကို စုစည်း၍ ဖွံ့ဖြိုးမှု နောက်ကျ​သော ဒေသများမှ လုပ်ငန်းကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုနိုင်မည့်​ ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ရန် ကုန်သည်စက်မှု အသင်းချုပ် နှင့်​ တိုင်းရင်းသားလုပ်ငန်းရှင်များက သ​ဘောတူ ဆုံးဖြတ်​ခဲ့​ကြောင်း ယင်းအသင်းချုပ်​မှသိရသည်​။

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဖွံ့ဖြိုးမှုနောက်ကျ​နေ​သော ဒေသများတွင်​ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေခြင်းမှတစ်ဆင့် မြို့ပြနှင့် ကျေးလက် ဘက်ညီသည့်​ ဖွံ့ ဖြိဖွံ့ဖြိုးမှုဖြစ်စေရန့်​ ရည်ရွယ်၍ အသင်းတည်ထောင်ရန် သဘောတူခြင်းဖြစ်​ကြောင်း ကုန်​သည်​စက်​မှု အသင်းချုပ်​မှသိရသည်​။

“ပထမအဆင့်အနေနဲ့နိုင်ငံတော်အဆင့်အသင်းအဖြစ် ဖွဲ့စည်းမှာပါ။ လူမျိုး ဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံရဲ့ မည်သည့်တိုင်းရင်းသား လုပ်ငန်းရှင်မဆို အသင်းဝင်အဖြစ် ပူးပေါင်း ပါဝင်နိုင်ပါတယ်။ အသင်းကို တစ်လအတွင်း ဖွဲ့နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ပါမယ်​။ ” ဟု ကုန်သည်စက်မှုအသင်းချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူးး ဦးအေးဝင်း က ပြောသည်​။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု ကွာဟချက်ကို ထိန်းညှိနိုင်ရန်အတွက်​ အားလုံးပါဝင်ပြီး မျှတသည့်​ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရှိရန်​မှာ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်​ အဓိက အားဖြင့်​ တိုင်းရင်းသားလူငယ်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန့်​လိုအပ်​ကြောင်းအဆိုပါအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်​။

“ တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ဒေသတွေမှာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တဲ့၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့၊ အဂတိလိုက်စားမှုကို အားမပေးတဲ့ စီးပွားရေးပုံစံကိုတည်ဆောက်နိုင်ဖို့ အရေးကြီးတယ်။” ဟု အသင်းချုပ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က ပြောသည်​။

အသင်းချုပ်အနေနှင့်​တိုင်းရင်းသားစွန့်ဦးတီထွ င်စီးပွားရေးလုပ်ငန်းရှင်များအသင်း ခိုင်မာစွာ တည်ထောင်နိုင်ရေး အတွက် အစွမ်းကုန် ကူညီသွားမည်​ဖြစ်​​ကြောင်းနှင့်​ အနာဂတ်တွင်​ ဒေသအလိုက်၊ လူမျိုးအလိုက်ညီနောင်အသင်းများ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ထား​ကြောင်းသိရသည်​။

ထို့ပြင်အသင်းစတင်ဖွဲ့စည်းရာ​တွင်​တိုင်းရင်း သားလုပ်ငန်းရှင်​များပါဝင်ပူးပေါင်းကြရန်​ ကြေညာ​ပေးမည်​ဖြစ်​ပြီး အသင်းတည်ထောင် ပြီးသည့်​အချိန်​တွင်​လည်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကိုအရှိန်အဟုန်မြှင့်တင်သွားမည်​ဖြစ်​​ကြောင်းသိရသည်

ဝေ​ဝေဖြိုး

Leave a Reply