ဘင်္ဂါလီများထံမှ ငွေကြေးရယူကာ ရန်ကုန်သို့ ခိုးသွင်းခဲ့သူများအား အရေးယူ

0
150

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၈

ဘင်္ဂါလီများထံမှ ငွေကြေးရယူကာ ရန်ကုန်သို့ ခိုးသွင်းခဲ့သူများအား ညောင်တုန်းရဲစခန်းမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား၌ ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် သတင်းအရ ပုသိမ်မြို့နေ အောင်နိုင်ဦး(၄၉)နှစ် မောင်းနှင်လာသည့် 8H/××× Super Custom ယာဉ်အား ရပ်တန့်စစ်ဆေးရာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနေ ရာဟာမာနူလာ (၃၀)နှစ်ပါ ဘင်္ဂါလီလူမျိုး ကျား(၇)ဦးအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာမှ အဘာရီကျေးရွာသို့ စက်လှေဖြင့်ထွက်ခွာခဲ့ပြီး အဘာရီကျေးရွာမှ တောလမ်းအတိုင်း(၃)ရက်ခန့် လမ်းလျှောက်ခဲ့ရာ အမ်းမြို့သို့ရောက်ရှိ ခဲ့ကြောင်း၊ အမ်းမြို့တွင် မောင်ရောင်း(စိစစ်ဆဲ)မှ တစ်ဦးလျှင် ငွေကျပ်(၁၆) သိန်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပို့ဆောင်ခအား ရန်ကုန်ရောက်မှ ပေးရန်ပြောဆိုကာ တောလမ်းအတိုင်းလမ်းလျှောက် ခေါ်ဆောင်ခဲ့ရာ(၁၅)ရက်အကြာ မကွေးတိုင်းဒေသကြီး၊ မင်းတုန်း မြို့နယ်အနီး ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၂၄၀)သို့ ရောက်ရှိခဲ့ကြောင်သိရသည်။

လိုက်ပါပို့ဆောင် ပေးသူ မောင်ရောင်းမှာ အဆိုပါနေရာတွင်ကျန်ခဲ့ပြီး မင်းတုန်းမြို့နယ်၊ ဝါးကုန်းကျေးရွာနေ မောင်ဟင်း(၃၀)နှစ် ငှားရမ်းလာသော ယာဉ်မောင်း(စိစစ်ဆဲ) နံပါတ်မမှတ်မိအဖြူရောင် မော်တော် ယာဉ်ဖြင့် ပုသိမ်-မုံရွာကားလမ်း အတိုင်း လိုက်ပါလာခဲ့ရာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် တွင် ကျောင်းကုန်းမြို့နယ်၊ ကံကလေးလမ်းဆုံ အရောက်တွင် မောင်ဟင်းနှင့် ဘင်္ဂါလီ(၇) ဦးသည် ယာဉ်ပေါ်မှဆင်း၍ အပေါ့သွားနေစဉ် ယာဉ်မောင်းမှာမောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းတို့သည် ကံကလေး လမ်းဆုံအနီး ချုံထဲ၌(၂)ရက် ညအိပ်ခဲ့ပြီး မောင်ဟင်း ထပ်မံငှားလာသည့် အောင်နိုင်ဦး မောင်းနှင်သော ယာဉ်ဖြင့်လိုက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ မောင်ဟင်းအား ပို့ဆောင်ခ (၁)ဦးလျှင်(၅၀,၀၀၀)ကျပ်စီဖြင့် ရန်ကုန်သို့ ရောက်လျင်ပေးဆောင် ရမည်ဖြစ်ကြောင်း ကနဦး စစ်ဆေးမှုများအရ သိရသည်။

ဘင်္ဂါလီ(၇)ဦးအား သယ်ဆောင်လာသူ မောင်ဟင်းနှင့် ယာဉ်မောင်း အောင်နိုင်ဦး တို့(၂)ဦးအား ညောင်တုန်းမြို့မရဲစခန်း(ပ)၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဘင်္ဂါလီ ရာဟာမာနူလာ ပါ(၇)ဦးအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးမှ တရားလိုပြုလုပ်၍ မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၆(၂)/၆(၃)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MM

ဓာတ်ပုံ – ရဲဇာနည်

Leave a Reply