FDA မှ ၀န်ထမ်းခေါ်ယူရာတွင် လျှောက်ထားမှု နည်းပါးနေ

0
151

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၈

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ၀န်ထမ်း ခေါ်ယူ ရာ၌ လျှောက်ထားမှုနည်းပါးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

“အလုပ်တွေ ရှားပါးတယ်လို့ ပြောနေတဲ့ကြားထဲက ကျွန်တော်တို့ဆီကို လာတဲ့ လျှောက်ထားသူတွေက နည်းပါးပါတယ်။ တစ်တိုင်းပြည်လုံးမှာ ဈေးတွေကို များများစစ်လေ ကျွန်တော်တို့ ဆီကိုလာတဲ့သူ နည်းလေးပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။

FDA အနေဖြင့် ၀န်ထမ်းဖွဲ့စည်းမှုသည် ၂၈၇၅ ဦး ခန့်အပ်နိုင်သော်လည်း လက်ရှိတွင် ဌာနလုပ်ငန်းလည်ပတ်မှု အနေဖြင့် ၁၀၆၂ ဦးဖြင့်သာလည် ပတ် လုပ်ကိုင်နေကြောင်း သိရှိရသည်။

ဝန်ထမ်းလိုအပ်ချက်များအား ဖြည့်ဆည်းရန်အတွက် ၀န်ထမ်းခေါ်စာများ အား နိုင်ငံတော်ပိုင် သတင်းစာများမှ တဆင့်ခေါ်ယူလျက်ရှိရာ လက်ရှိ တွင် ၀န်ထမ်း ၃၀၀ ကျော် ခန့်အပ်ပြီး သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရှိ ရသည်။

ဌာနသည် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချထုတ်လုပ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများနှင့် အခြား ကုန်ပစ္စည်းများအား သုံးစွဲရန် သင့်မသင့်ကို စစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေအရ တားမြစ် အရေးယူများဆောင်ရွက်လုပ်ကိုင်ကြောင်း သိရှိရသည်။

၂၀၁၆ – ၂၀၁၇ ခုနှစ်တွင် ဈေးကွက်အတွင်း သုံးစွဲရန် မသင့်သည့် စားသောက်ကုန် ပစ္စည်းရောင်းချမှုအပေါ် အမှု ၉ မှု တရားစွဲဆိုခဲ့ပြီး သုံးစွဲရန်မသင့်သည့် ဆေးဝါးရောင်းချမှုအပေါ် အမှုပေါင်း ၁၃၀ ကျော် တရားစွဲထားခဲ့ ကြောင်း သိရှိရသည်။

FDA မှ ဈေးကွက်အတွင်း သုံးစွဲရန် မသင့်သည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ အား ၀င်ရောက်ရှာဖွေ ဖမ်းဆီးရာ၌ စားသုံး ရေးရာဌာန၊ စည်ပင်သာယာဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထွေ/အုပ်၊ Custom တို့ဖြင့် ပူးပေါင်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply