အခွန်နှုန်းပြင်ဆင်ထားသော်လည်းတစ်ဦးချင်းကားတင်သွင်းမှု လိုင်စင်လျှောက်ထားခြင်းမရှိသေး

0
161

ရန်ကုန်၊​ဖေ​ဖော်​ဝါရီ ၉၊ ၂၀၁၈

၂၀၁၈ခုနှစ်​ ဇန်နဝါရီလ၁ရက်မှစ၍ အခွန်ကောက်နှုန်းထား ပြင်ဆင်​သတ်​မှတ်​ထား​သော်လည်း ယခုအချိန်ထိ တစ်ဦးချင်းကားတင်သွင်းမှု လိုင်စင်လျှောက်ထားခြင်းမရှိသေးကြောင်းမြန်​မာ့​မော်​​တော်​ယာဉ်​ ထုတ်လုပ်​​ရေးနှင့်​ဖြန့်​ဖြူး​ရောင်းချ​ရေးလုပ်​ငန်းရှင်​များအသင်းမှ
သိရသည်​။

ပြည်ပမှကားတင်​သွင်းရာတွင်​ invoice value တစ်​ခုတည်းကိုသာ ကြည့်​ခြင်းမဟုတ်​ဘဲ ကျန်​ရှိ​သောအချက်​အလက်​အားလုံးကို ခြုံ ကြည့်​ခြင်းဖြစ်​​သော​ကြောင့်​ အမှန်​တကယ်​ မိမိတင်​သွင်းသည့်​​ဈေးနှုန်း များကိုသာ အခွန်​​ဆောင်ရန်​အတွက်​ ပြင်​ဆင်​ထားရန်​လို​ကြောင်း မြန်​မာ့​မော်​​တော်​ယာဉ်​ထုတ်လုပ်​​ရေးနှင့်​ဖြန့်​ဖြူး​ရောင်းချ​ရေးလုပ်​ငန်းရှင်​များအသင်း၏ဥက္ကဋ္ဌဒေါက်တာစိုးထွန်းကအကြံပြု ​ပြောကြားသည်​။

“အခုအပြင်​မှာ​ပြော​နေတာက invoice valueအတိုင်းကို အခွန်​​ကောက်​မယ်​လို့​ပြော​နေကြ​တော့ သူသူ ကိုယ်​ကိုယ်​​ပေါ့ဗျာ အခွန်​က​တော့ ​လျှော့ပြီးသွင်းရရင်​​တော့​ကောင်းတာ​ပေါ့။ကားဆိုလဲ တန်​ဖိုး​လျော့ သွားတာ​ပေါ့။ ​လျော့တဲ့တွက်​ ဝယ်​စီးတဲ့သူပဲဖြစ်​ဖြစ်​​ ရောင်းတဲ့သူပဲဖြစ်​ဖြစ်​ အခွန်​​လျော့ချင်​ကြတာပဲ။ ကားတစ်​စီးကို​ဒေါ်လာ ၅​ထောင်​နဲ့ပြမယ်​လို့ စဉ်းစားပြီးသွင်းလာတယ်​။ဆိပ်​ကမ်း​ရောက်​တဲ့အခါမှာ​ဒေါ်လာ ၁​သောင်းဖြစ်​သွားတဲ့ခါကျရင်​ အဲ့ခါမှ အခွန်​​ငွေ​တွေ များတယ်​၊နည်းတယ်​ဆိုပြီး တင်​သွင်းတဲ့သူ​တွေအ​နေနဲ့ အခက်​အခဲ​တွေကြုံ​တွေ့လာနိုင်​တယ်​။”ဟု၎င်းက​ပြောသည်​။

အသစ်ပြောင်းလဲမည့် အခွန်နှုန်းထားကို ၂၀၁၈ခုနှစ်​ ဇန်​နဝါရီ ၁ရက်​မှ စ​တင်ကာ ​​ကောက်​ခံမည်​ဆို​သော်​လည်း လက်​ရှိတင်​သွင်း​နေသည့်​ကားများသည်​ ၂၀၁၇ခုနှစ်​က လိုင်​စင်​များဖြစ်​​သော​ကြောင့်​ ယခုနှစ်​တွင်​ တင်​သွင်းမည်​ဆိုပါက ယခင်​ပုံစံအတိုင်းသာ​ကောက်​ခံမည်​ဖြစ်​​ပြီး ယခုနှစ်​ ဇန်နဝါရီလမှစ၍ လက်ရှိချိန်​ထိတစ်ဦး ချင်းကားတင်​သွင်းမှု လိုင်​စင်​ ​လျှောက်​ထားခြင်းမရှိ​သေး​ကြောင်း​ဒေါက်​တာစိုးထွန်းက​ပြောသည်​။

အ​ကောက်​ခွန်​နှုန်းထားသတ်​မှတ်​သည့်​​နေရာ တွင်​ တင်​သွင်းလာသည့်​ ကုန်​ပစ္စည်းများ၏ အ​ခြေခံ​ဈေးနှုန်းကို ကြိုတင်​​ကြေညာသတ်​မှတ်​သည့်​စနစ်​မှ ကုန်​ပစ္စည်း ​ရောက်​ရှိသည့်​အချိန်​တွင်​ မိမိကိုယ်​တိုင်​​ကြေညာ သည့်​စနစ်​သို့ ယခုနှစ်​ လဆန်းပိုင်းမှစ၍ ကူး​ပြောင်းကျင့်​သုံးမည်​ဖြစ်​ သည်​။

 ၂၀၁၁ခုနှစ်​မှစတင်​၍ မော်​​တော်​ယာဉ်​တင်​သွင်းရာတွင်​ကားတစ်​စီး၏ တန်​ဖိုးကိုကြိုတင်​သတ်​မှတ်​တင်​သွင်းခြင်းဖြစ်​​သော​ကြောင့်​ အခွန်​ကိုကြို တင်တွက်​ချက်​၍ တင်​သွင်းခဲ့ခြင်းဖြစ်​​သော်​လည်း ယခုနှစ်​တွင်​ မိမိဝယ်​ယူလာသည့်​ကားကို အ​ကောက်​ခွန်​ဦးစီးဌာနသို့​ရောက်​ရှိသည့်​အချိန်​မှသာ တန်​ဖိုးသတ်​မှတ်​မည်​ဖြစ်​​သော​ကြောင့်​ ယာဉ်​လုပ်​ငန်းရှင်​များနှင့်​ ကားဝယ်​ယူစီးနင်းသူများအတွက်​ ကျင့်​သားမရသည့်​စနစ်​တစ်​​ခု ဖြစ်​​ကြောင်း ၎င်းက သုံးသပ်​​ပြောဆိုသည်​။

ဝေ​ဝေဖြိုး

Leave a Reply