ထောင်ဝင်စာလာပို့သည့် စားစရာများအတွင်းမှ မူးယစ်ဆေးပြားများ ဖမ်းမိ

0
139

မန္တလေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးမှုဖြင့် ချုပ်နှောင် ခံနေရသည့် အကျဉ်းသားတစ်ဦးထံသို့ မိသားစုဝင်များက ထောင်ဝင်စာ ပို့ဆောင်ရာတွင် စားစရာများအတွင်းမှ မူးယစ်ဆေးပြား များကို ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၅/၁၉(က) တို့ဖြင့် အမှုရင်ဆိုင်နေရပြီး အကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရသည့် ကျော်ဦး (၂၆) နှစ်ထံသို့ မိသားစုဝင်များက ထောင်ဝင်စာလာရောက်ပေးပို့ရာ၌ လမုန့်ထုတ် အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် 88/1 စာတန်းပါ စိတ်ကြွ မူးယစ်ဆေးပြားပေါင်း ၁၇၀ ကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ခုလိုအများကြီး မမိဖူးဘူး ။ ခုဟာက သုံးဖို့မဖြစ်နိုင်တော့ဘူး ။ ဘာလနု့ ဒီလောက်သွင်းလာလဲဆိုတာတော့ စစ်ဆေးစဲဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့လုပ်သွားမယ်”ဟု အကျဉ်းထောင် တာဝန်ရှိသူတစ်ဦး က ပြောသည်။

အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အချုပ်သား ကျော်ဦးအား အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစန်းတွင် မယ(ပ) ၂/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ ထပ်မံအမှုဖွင့်ထားကြောင်းသိရသည်။

နိုင်လင်းဦး

Leave a Reply