မန်ယူကစားသမားဟောင်း လီယန်မေလာ ကင်ဆာရောဂါဖြင့် ကွယ်လွန်

0
165

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၈

စကော့တလန် ကလပ် ဆဲလ်တစ် ၊ မန်ယူ နဲ့ ကော့စီးတီး တို့မှာ ကစားသမားအဖြစ်ကျင်လည်ခဲ့တဲ့ အိုင်ယာလန်ဘောလုံးသမား လီယန်မေလာဟာ ကင်ဆာရောဂါဖြင့် အသက် ၃၆နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ နာရေးသတင်းကို အသင်းဟောင်း ဆဲလ်တစ်အသင်းက အတည်ပြု ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

သူဟာ သရက်ရွက်ကင်ဆာကို ခံစားနေရကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန်၌ ဆေးစစ်မှုခံယူပြီး သိခဲ့ရတာ ဖြစ်ပါတယ်။

လီယန်မေလာဟာ ကစားသမားဘ၀မှာ နိုင်ငံပေါင်းများစွာကို လှည့်လယ်ကစားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ မန်ယူနည်းပြဖာဂူဆန်ဟာ လီယန်မေလာကို လိဒ်ယူနိုက်တက် ၊ ဆန်းဒါးလန်းစတဲ့ အသင်းတွေမှာ အငှား သွားရောက်ကစားစေခဲ့ပါတယ်။ သည့်နောက်မှာ တော့ QPR အသင်းမှာ အငှားသွားရောက်ကစားခဲ့ပါတယ်။

လီယန်မေလာဟာ နိုင်ငံအသင်းအတွက်လည်း ၂၀၀၄ ခုနှစ်မှ စတင်ကာ ပွဲထွက်ကစားပေးခဲ့ပြီး စုစုပေါင်း ၂၁ပွဲ ကစားထားပေးခဲ့ပါတယ်။ ယင်းကွယ်လွန်တဲ့သတင်းတွေ အင်တာနက်မှာ ပျံ့နှံ့လာခဲ့တဲ့နောက်မှာ တော့ တစ်ချိန်က သူနှင့်အတူ တွဲဖက်ကစားခဲ့ကြသော ဘောလုံး သမားများ ၊ ကလပ်အသင်းများ နှင့် ပရိသတ်များက ၀မ်းနည်းကြောင်း စာများရေးသားခဲ့ကြပါတယ်။

NN

Leave a Reply