မန်စီးတီးနဲ့ ၂၄မှတ် ကွာဟနေပေမယ့်လည်း အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်သေးဟုဆို

0
163

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၈

အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ဘာကြောင့်မရနိုင်ရမှာလဲလို့ အာဆင်နယ်ကွင်းလယ်လူ Mohamed Elneny က ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆နေရာမှာ ရပ်တည်နေပြီး အဆင့်တစ်နေရာမှ မန်စီးတီး အသင်းနဲ့ ရမှတ် ၂၄ မှတ်ကွာဟနေပါတယ်။ ဒါပေမယ့်လည်း အာဆင်အသင်းအနေနဲ့ အမှတ်ပေးဖလားကို ယခုနှစ်မှာ ရနိုင်ဖို့အတွက် မဖြစ်နိုင်စရာဘာမှမရှိဘူးလို့ Mohamed Elneny ကပြောလာခြင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယနေ့ညမှာ စပါးအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက အဆင့်၎နေရာကို တက်လှမ်း လာနိုင်လိမ့်မယ်လို့ အဆိုပါကစားသမားမှ ယုံကြည်နေပါတယ်။

“ရာသီသိမ်းချိန်အထိ အကောင်းဆုံးတိုက်ပွဲဝင်သွားဖို့ရှိပါတယ်။ အမှတ်ပေးဇယားနေရာအတွက် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်မှာ မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး။ တကယ်လို့ ရာသီကုန်အထိ အသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို ထိန်းထားနိုင် မယ်ဆိုရင် ဇယားရဲ့ ထိပ်ပိုင်းနေရာမှာတော့ ရပ်တည်နိုင်ပါလိမ့်မယ်”လို့ Mohamed Elneny က ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ လူအင် အားဖြည့်တင်းမှုတွေကို ဆောင်ရွက်ခဲ့ပြီး ကစားသမား ရောင်းထုတ် မှုတွေကိုလည်း ပြုလုပ်ထားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့မယ်ဆိုရင် နည်းပြ အာစင်ဝင်းဂါးအနေနဲ့ ရာထူးကနေထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။

NN

Leave a Reply