ဆန်းချက်ဇ်ကို ရောင်းထုတ်ခဲ့ခြင်းဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း အာစင်ဝင်းဂါး ၀န်ခံ

0
165

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၈

ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူးဆန်းချက်ဇ်ကို မန်ယူသို့ရေားထုတ်မိခဲ့ခြင်းဟာ အသင်းအတွက် မှားယွင်းသော လုပ်ဆောင်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆိုပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ လုပ်ခလစာကိစ္စအတွက် အဆင်မပြေဖြစ်နေခဲ့ပြီး နွေရာသီအပြောင်း အရွှေ့မှာ အာဆင်နယ်ကို စွန့်ခွာ၍ မန်စီးတီးသို့ ပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း ဟာ ဆန်းချက်ဇ်ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုရေးကိုသာ ဦးတည်စဉ်းစားခဲ့ပြီး အသင်းမှာ ဆက်ရှိနေအောင် ထိန်းထားခဲ့မှုတွေဟာ စိန်ခေါ်မှုအသစ်တွေကို ဆာလောင်နေတဲ့ ဆန်းချက်ဇ်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဇန်န၀ါရီအပြောင်းအရွှေ့အပြီးမှာ အသင်းအတွက် မရေမရာဖြစ်နေတဲ့ ဆန်းချက်ဇ် ပြသနာ ၊ အိုဇေး ပြသနာတွေကို ပြေလည်အောင် ရှင်းထုတ်နိုင်ခဲ့သလို အသင်းအတွက် လုံလောက်သော ကစားသမား ဖြည့်ဆည်းမှုတွေကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ အာစင်ဝင်းဂါးက ဆိုခဲ့ပါတယ်။

ဇန်န၀ါရီအပြောင်းအရွှေ့ဟာ အာဆင်နယ်အတွက် အောင်မြင်တဲ့ အပြောင်းအပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ပေမယ်လည်း ဆန်းချက်ဇ် အသင်းကနေ ထွက်ခွာခဲ့မှုကတော့ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ၀င်းဂါးက ပြောပါတယ်။ ဒါ့အပြင် ဆန်းချက်ဇ်ဟာ ကိုင်တွယ်ရ ခက်ခဲတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဆန်းချက်ဇ်အပြောင်းအရွှေ့အတွက် မေးခွန်းထုတ်မိတိုင်း အမှားတစ်ခုကို ကျူးလွန်မိသလို ခံစားရကြောင်း အစားထိုးမရနိုင်တဲ့ အရာတစ်ခုကို စွန့်လွတ်လိုက်ရသလို ခံစားနေရကြောင်း အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။

NN

Leave a Reply