စဥ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးအား တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

0
168

မန္တလေး၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်အား ဖေဖော်ဝါရီလ ၉ ရက်နေ့က အောင်မြေသာစံမြို့နယ် အမှတ်(၁) နယ်မြေရဲစခန်းတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ (၁၇) ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်သည် မိုးကုတ်မြို့မှ မြေပွဲစား အဖြစ်ဟန်ဆောင်ပြီး KTV တွင် အလုပ်လုပ်ကိုင်သည့် အမျိုးသမီးကို သွေးဆောင်ဖြားယောင်းကာ ကာမရယူခဲ့ကြောင်း သိရသည်။

“ခု ကျွန်မမှာ သူနဲ့ရတဲ့ ကိုယ်ဝန် ၆ လ ရနေပြီ ။ သူက ဖျက်ချဖို့လုပ်တယ် ။ သူ့မှာက မယားကြီးနဲ့ ကလေးတွေရှိတယ် ။ကျွန်မကြောင့် သူတို့မိသားစုတွေ ဘာမှမဖြစ်စေချင်ဘူး ။ ဒါပေမယ့် ဖျက်ချဖို့ကို အိမ်အထိလိုက်လာပြီး သူ့မိန်းမရဲ့ ညီမနဲ့ ကိုယ်ထိလက်ရောက် လုပ်တာတွေရှိနေတယ် ။ ကျွန်မဆက်ပြီးညှိနှိုင်းတော့မှာမဟုတ်ဘူး ။ သူ့ဘက်ကလည်း ဖုန်းမကိုင်ဘူး” ဟု တရားလိုပြုလုပ်တိုင်ကြားခဲ့သည့် မသန်းသန်းနိုင်က ပြောသည်။

ထို့အပြင် စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်သည် ကိုယ်ဝန်ဖျက်ချရန် ဆေးတိုက်ခြင်း၊ သားအိမ်အတွင်းသို့ အချွန်ဖြင့်ထိုးခြင်း တို့ပြုလုပ်ခဲ့သော်လည်း ကိုယ်ဝန်မှာပျက်ကျခြင်းမရှိကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်ထံသို့ ဆက်သွယ်မေးမြန်ရန်ဆောင်ရွက်သော်လည်း ဆက်သွယ်၍ မရပေ။

ယခုလက်ရှိတွင် မသန်းသန်းနိုင်အနေဖြင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သရက်ကုန်းရပ်ကွက်တွင် နေထိုင်လျှက်ရှိသည်။

နိုင်လင်းဦး

Leave a Reply