EU ​ဈေးကွက်သို့ ရေထွက်ပစ္စည်းတင်ပို့နိုင်ရန် သတ်မှတ်စည်းကမ်းချက် များနှင့်ကိုက်ညီခြင်းရှိမရှိ လာ​စစ်မည်

0
182

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ​ရေထွက်ပစ္စည်း များကို အီးယူဈေးကွက်သို့ တင်ပို့နိုင်ရန်​ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီခြင်းရှိ /မရှိကို ယခုလ အတွင်း ဥ​ရောပသမဂ္ဂရှိ အစားသောက်ဘေးကင်း လုံခြုံရေးပိုင်း ဆိုင်​ရာ ဌာနတစ်​ခုမှ လာရောက်စစ်ဆေးကြမည်ဖြစ်​ ​ကြောင်းမြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်ုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါဥရောပသမဂ္ဂစစ်ဆေးရေးအဖွဲ့များအနေဖြင့် ငါးမွေးမြူရေး ကန်များ တွင် မွေးမြူရေးငါးအစာ၊ ငါးမွေးကန်အခြေနေ၊ ငါးများတွင်ဓာတ်ကြွင်း ပါဝင်မှုရှိ မရှိအစရှိသည့် အချက်များကို စစ်ဆေးမှုများပြုလုပ်​ကြမည်​ဖြစ်​​ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်ုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမျိုးညွှန့်ကပြောသည်။

“EUဘက်ကို မွေးမြူရေးငါးတွေကို တင်​ပို့နိုင်ဖို့ အတွက် ပရိုဂရမ်တစ်ခုကို ငါးလုပ်ငန်း ဦးစီးဌာနနဲ့ လုပ်နေတာတော်တော်လေး ထိရောက်နေပါပြီ။ ဒီလကုန်မှာ EUက လာပြီးတော့ စစ်ဆေးတာ တွေရှိပါ လိမ့်မယ်။ စစ်​​ဆေးပြီးလို့ ပြသနာမရှိတော့ဘူးဆိုရင် မွေးမြူရေးငါးတွေကို တင်ပို့နိုင် မယ့် အခြေနေရှိပါ တယ်၊။ ”ဟု၎င်းက​ပြောသည်​။

လက်ရှိတွင် ငါးကန်တွင်းရှိ ငါးများတွင် ဓာတ်ကြွင်းပါဝင်မှုအခြေနေနှင့် ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာန မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်ုလုပ်ငန်းရှင်များ အသင်း တို့ ပူးပေါင်းပြီး ပြည်တွင်းပြည်ပတွင် စစ်ဆေးဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့ပြင်ဥရောပသမဂ္ဂနိုင်ငံများမှ ပြည်တွင်းရှိ ဂဏန်းပျော့များကို စိတ်ဝင် စားမှုများပြားနေပြီး ဥရောပသမဂ္ဂအဖွဲ့၏ စစ်ဆေးခြင်း အောင်မြင်ပါက မွေးမြူး​ရေးငါးများကိုသာမက ဂဏန်းပျော့များကိုပါ EUဈေးကွက်သို့တင် ပို့နိုင်မည်ဖြစ်​​ကြောင်းသိရသည်​။

“ဒါက ငါးတစ်မျိုးတည်းမဟုတ်ဘူး၊ ဂဏန်းပျော့လည်းပါတယ်။ဂဏန်း ပျော့ရဲ့ ဝယ်ယူလိုမှုကပိုများတယ်၊ ဒီတစ်ခေါက်စစ်မှာက ဂဏန်းပျော့ရော၊ မွေးမြူရေးငါးရောကိုလာစစ်​မှာပါ။ကျွန်​​တော်​တို့အ​နေနဲ့ မွေးမြူရေးငါး၊ ပုစွန်နဲ့ ဂဏန်းပျော့ကို တင်ပို့နိုင်ဖို့အတွက် ကြိုးစားနေပါတယ်​။”ဟု ဦးမျိုးညွှန့်​က​ပြောသည်​။

မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ပြည်တွင်းစက်ရုံ ၂၀မှ ထုတ်လုပ်သည့် ရေထွက်ပစ္စည်းများကို တင်ပို့ခွင့်ရရှိခဲ့သော်လည်း သတ်မှတ်ချက်များ နှင့်ကိုက်ညီမှု မရှိသည့် စက်ရုံ ၂ရုံကို တင်ပို့ခွင့်ပယ်ဖျက် ထားသည့်အတွက် လက်ရှိတွင် စက်ရုံ ၁၈ရုံသာ ဥရောပဈေးကွက်သို့ ရေထွက်ပစ္စည်းတင်ပို့ခွင့် ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply