ဇော်ဝင်းထွဋ်၏ The Journey Rock Show ကျင်းပ

0
162

မန္တလေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈လမ်း၊ ခင်စောမူကွေ့အနီးရှိ Golden City Event Park တွင် အဆိုတော် ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော် The Journey Rock Show ကို ၂၀၁၈ခုနှစ် ဖေဖဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့)တွင်ကျင်းပပြုလုပ်ခဲ့သည်။

ယင်းရှိုးပွဲသည် အဆိုတော်ဇော်ဝင်းထွဋ်၏ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သည့် The Journey တေးစီးရီး အမှတ်တရအဖြစ်ကျင်းပခြင်းဖြစ်ပြီး The Journey အမည်ဖြင့် တေးစီးရီးများ ထပ်မံထွက်ဖို့ရှိကြောင်း သိရသည်။

The Journey Rock Show တွင် Reign of Blood နှင့် The Reason Band တို့မှ ကနဦးဖျော်ဖြေမှုများပြုလုပ်ခဲ့ကြပြီး အဆိုတော် ဇော်ဝင်းထွဋ် အနေဖြင့် Emperor Band ဖြင့် သီချင်းအပုဒ်ရေ (၃၀) ကျော် သီဆိုဖျော်သွားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ဇော်ဝင်းထွဋ် ၏ ရှိုးပွဲကို မန္တလေးမြို့တွင် ပထမဆုံး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဟသာင်္တ၊ ပြည်၊ မကွေး၊ ပခုက္ကွှူ နှင့်အခြားမြို့ကြီးများ တွင် လှည့်လည်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

နိုင်လင်းဦး

Leave a Reply