အာဆီယံဒေသတွင်းခရီးသွားမီဒီယာနှင့်ဘလော့ဂါများအားဖိတ်ခေါ်ကာမြန်မာ့ခရီးသွားကဏ္ဍတိုးတက်စေရန် မိတ်ဆက်

0
165

ရန်ကုန် ၊ ဖေဖော်ဝါရီ၁၂ ၊၂၀၁၈

ပြည်တွင်း ခရီးသွားဘလော့ကာများပူးပေါင်း၍ ခရီးသွားလုပ်ငန်းတိုးတက်စေရန်အာဆီယံ ဒေသတွင်း နာမည်ကျော်travel mediaနှင့်bloggersများအား ဖိတ်ခေါ် ပြီးမြန်မာနိုင်ငံတွင်ပထမဦးဆုံးသောMarvelous Myanmarကို ဖေဖော်ဝါရီ၁၂ရက်နေ့က
ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်တွင် ညနေ၆နာရီမှ၉နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

Marvelous Myanmar(Myanmar’s First ASEAN Travel Media & Bloggers Club)သည် အာဆီယံဒေသတွင်း(၇)နိုင်ငံမှနာမည်ကျော်ခရီးသွားမီဒီယာနှင့်ဘလော့ဂါ ၂၇ဦးကိုဖိတ်ခေါ် ပြီးမြန်မာနိုင်ငံ၏ အထင်ကရနေရာ များဖြစ်သော မြို့တော်ရန်ကုန်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းအင်းလေးဒေသအစရှိသော နေရာများသို့ပြည်တွင်း မှခရီးသွား ဘလော့ဂါများနှင့်အတူတစ်ပတ်တာ သွားရောက်လည်ပတ်ကြမည် ဟုလည်းသိရသည်။

“အာဆီယံမီဒီယာနဲ့ခရီးသွားဘလော့ဂါတွေကမြန်မာနိုင်ငံရဲ့အထင်ကရနေရာ၃ခုကိုသွားရောက်လည်ပတ် ကြမှာပါ။ ဒီလိုဖိတ်ခေါ် မိတ်ဆက်ခြင်းကို လုပ်ခြင်းအားဖြင့် နိုင်ငံတကာကမီဒီယာ တွေ ဘလော့ဂါတွေလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကို လူပိုသိတာပေါ့။ ကမ္ဘာမှာ လူပိုသိလာတဲ့အတွက်မြန်မာနိုင်ငံကိုခရီးသွား ဖို့ကိုဒီလာရောက်လည်ပတ်ကြတဲ့အဖွဲ့တွေကနေ ဘယ်နေရာတွေကို သွားလည်လို့ရတယ်။ဘယ်နေရာတွေကဘယ်လိုတွေ လှပတယ်ဆိုတာ သူတို့ရေးကြရင်နိုင်ငံတကာက ပိုသိလာပြီး မြန်မာနိုင်ငံကို ခရီးသွားနေရာ တစ်နေရာအဖြစ်လာ ကြဖို့ရည်ရွယ်စီစဉ်ရခြင်း ဖြစ်ပါတယ်”ဟုမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌဦးမင်းသိန်းကပြောသည်။

သွားရောက်လည်ပတ် ကြမည့်ခရီးစဉ် တစ်လျှောက်တွင်မြန်မာ့ရိုးရာမုန့်ဟင်းခါး စားခြင်း လက်ဖက်ရည်ဆိုင်ထိုင်ခြင်း၊ အနှေးယဉ်စီးခြင်း၊ ရွှေတိဂုံစေတီတော်တွင် ဆီမီးတစ်ထောင်ထွန်းခြင်း၊ ပုဂံရှိရွှေပြည်နန်းမြန်မာ့ရိုးရာသနပ်ခါးပြတိုက်သို့လေ့လာခြင်း၊ နေဝင်ချိန်ပုဂံအလှကိုခံစားခြင်းနှင့်ယွန်းထည်များလေ့လာခြင်း၊ အင်းလေးကန်အတွင်း သွားရောက်ခြင်း၊ပိုးထည်နှင့် ကြာသင်္ကန်း ရက်လုပ်ပုံများ အနီးကပ်လေ့လာခြင်း၊ ဒေသအစားအစာများ သုံးဆောင်ခြင်းစသည့် စိတ်ဝင်စားဖွယ်အစီအစဉ် များနှင့်အာဆီယံမှဧည့်သည် တော်များ ကိုမိတ်ဆက်ဧည့်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မေစု

Leave a Reply