အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို ဂိုးပြတ်သွင်းပြီး နိုင်ပွဲပြန်ရလာတဲ့ ချယ်လ်ဆီး

0
134

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၁၈
ယနေ့နံနက်ပိုင်းက အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ကျန်ပွဲစဉ်တစ်ခုဖြစ်တဲ့ ချယ်လ်ဆီး အသင်းနဲ့ ဝက်စ်ဘရွန်း တို့ပွဲစဉ်မှာ အိမ်ရှင်ချယ်လ်ဆီးက ၃-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တာ ၂ ပတ်တိတိ ရှိခဲ့ပါပြီ။ ဒါကြောင့် ယခုပွဲကို အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယခုပွဲမှာ ဂီရော့စ်က အထောင်တိုက်စစ်မှူးအဖြစ်ကစားခဲ့ပြီး ပီထရို ၊ ဟာဇက်တို့က နောက်ချန်တိုက်စစ်နေရာကနေ ကစားခဲ့ပါတယ်။ ကွင်းလယ်မှာတော့ မောဆက်၊ ဖာဘရီဂတ်၊ ကန်တီ၊ ဇာပါကော်စတာတို့ပါဝင်ပြီး နောက်တန်းမှာတော့ အပီလီခရူတာ၊ ခရစ္စတန်ဆန်၊ ရူဒီဂါတို့ ပါဝင်ခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၂၅မိနစ်မှာ ဟာဇက်က ဂီရော့စ်ရဲ့ ပံ့ပိုးမှုကနေတဆင့် သွင်းယူခဲ့တာပါတယ်။ချယ်လ်ဆီးတို့ဟာ ပထမပိုင်း ပြီးဆုံးချိန်အထိ သွင်းဂိုးတစ်ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဗစ်တာမောဆက်က ချယ်ဆီးအတွက် ဒုတိယမြောက်ဂိုးကို ၆၃မိနစ်မှာ သွင်းယူခဲ့ပါတယ်။ သည့်နောက်မှာတော့ ဟာဇက်ကပဲ တတိယမြောက်အနိုင်ဂိုးကို ၇၁မိနစ်မှာ ထပ်မံသွင်းယူခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်မှာတော့ ၂ပွဲဆက်ရှုံးပွဲကြုံခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်း စတမ်းဖို့ဘရိုက်မှာ ဝက်စ်ဘရွန်း ကို ၃-၀နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

NN

Leave a Reply