ပြတိုက်​များဥပ​ဒေ ယခုနှစ်​အတွင်း ထွက်​ရှိနိုင်​ရန်​​မျှော်​မှန်းထား

0
215

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၃၊၂၀၁၈

ရှေး​ဟောင်းသု​တေသနနှင့်​အမျိုးသားပြတိုက်ဦးစီးဌာနမှပြည်သူ့လွှတ်
တော်​ ဥပ​ဒေကြမ်း​ကော်​မတီသို့တင်​ပြ​ဆွေး​နွေးလျှက်​ရှိ​သော ပြတိုက်​များဥပ​ဒေမှာ ယခုနှစ်​အတွင်း ထွက်​ရှိနိုင်​မည်​ဟု ​မျှော်​မှန်း
ထား​ကြောင်း အဆိုပါဌာနမှသိရသည်​။

ပြတိုက်​များဥပ​ဒေပြဌာန်းပြီးပါက ပုဂ္ဂလိကပြတိုက်​များဖွင့်​လှစ်​ခွင့်​နှင့်​ ရှေး​ဟောင်းဝတ္ထုပစ္စည်းများပြသခွင့်​ကိုရရှိနိုင်မည်​ဖြစ်​​ကြောင်း ​ရှေး​ ဟောင်းသု​တေသနနှင့်​အမျိုးသားပြတိုက်​ဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ဦး​ကျော်​ဦးလွင်​က​ပြောသည်​။

“ဥပ​ဒေကြမ်း​ကော်​မတီကိုတင်​ထားတယ်​။ဒီနှစ်​ထဲမှာ​ထွက်​မှာပါ။ ပြတိုက်မှာကအမျိုးအစားအများကြီးရှိတယ်။ ​ရှေး​ဟောင်းဝတ္တုပစ္စည်းပြ တိုက်​က​တော့ မှတ်​ပုံတင်​ထားမှ ပြသခွင့်​ရှိတယ်​။မှတ်​ပုံမတင်​ထားရင်​​တော့ ဒီပြတိုက်​​တွေမှာ ပြသခွင့်​မရှိပါဘူး။”ဟု ၎င်းက​ပြောသည်​။

၂၀၁၅ခုနှစ်​က ပြဌာန်းခဲ့သည့်​ ​ရှေး​ဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်​ထိန်းသိမ်း​ရေးဥပ​ဒေနှင့်​အညီရှေး​ဟောင်းသု​တေသနနှင့်​အမျိုးသားပြ
တိုက်​ဦးစီးဌာနသို့ တရားဝင်​မှတ်​ပုံတင်​ထားပြီးသူများအ​နေဖြင့်​ ပြတိုက်​များဥပ​ဒေထွက်​ရှိပြီးပါက ပြတိုက်​များဖွင့်​လှစ်​ခွင့်​နှင့်​ပြသခွင့်​ကို ရရှိနိုင်​မည်​ဖြစ်​သည်​။

ထို့ပြင်​ ​ရှေး​ဟောင်းဝတ္ထုပစ္စည်းများထိန်းသိမ်းခြင်းနှင့်​ပြည်​သူများ အသိပညာ​ပေးရန်​အတွက်​​သော်​လည်း​ကောင်း၊နိုင်​ငံ​တော်​အတွက်​​ဒေသအသီးသီးမှ​တွေ့ရှိ​သော ​ရှေး​ဟောင်းဝတ္ထုနှင့် ပစ္စည်းများကိုထိန်းသိမ်းထားရှိရန်နှင့်​ခင်းကျင်းပြသရန်​အတွက်​ အမျိုးသားပြတိုက်​(ရန်​ကုန်​)၊အမျိုးသားပြတိုက်​(​နေပြည်​​တော်​)၊ Site Museumများအဖြစ်​ ဟန်​လင်း​ရှေး​ဟောင်းသု​တေသနပြတိုက်​၊ဗိဿ နိုး​ရှေး​ဟောင်းသု​တေသနပြတိုက်​၊၊ သိရိ​ခေတ္တရာပြတိုက်​ စသည့်​​ဒေသ ဆိုင်​ရာပြတိုက်​၁၃ခုကို ဖွင့်​လှစ်​ပြသထားပြီးတိုင်း​ဒေသကြီးနှင့်​ပြည်​နယ်​များရှိ ​ဒေသဆိုင်​ရာ ယဉ်​​ကျေးမှု ပြတိုက်​များတွင်​လည်း ပြည်​​ထောင်​စုတိုင်းရင်းသားများ၏ ယဉ်​​ကျေးမှု ကဏ္ဍအလိုက်​ မျိုးချစ်​စိတ်​ဓာတ်​ရှင်​သန်​ထက်​မြက်မည့်​ ဝတ္တုပစ္စည်းများကို ပြည်​သူများ​လေ့လာနိုင်​​စေရန်​ ဖွင့်​လှစ်​ပြသထားပြီးဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply