မွန်​ပြည်​သစ်​နှင့်​ လားဟူတို့၏ NCA လက်​မှတ်​​ရေးထိုးပွဲ

0
253

နေပြည်​​တော်​၊ ​ဖေ​ဖော်​ဝါရီ ၁၃၊ ၂၀၁၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCAတွင်​ မွန်​ပြည်​သစ်​ပါတီ(NMSP)နှင့်​ လားဟူဒီမိုကရစ်​တစ်​အစည်း အရုံး(LDU) တို့မှ ပါဝင်​လက်​မှတ်​​ရေးထိုးပွဲကို ​နေပြည်​​တော်​ရှိ မြန်မာအပြည်​ပြည်​ဆိုင်​ရာကွန်​ဗန်းရှင်းစင်တာ (MICC 2)တွင်​ ​ဖေ​ဖော်​ဝါရီ ၁၃ရက်​​နေ့ ​နေ့လယ်​ပိုင်းတွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။

NMSPနှင့်​ LDU တို့မှာ NLD အစိုးရသက်​တမ်းနှစ်​နှစ်​တာကာလအတွင်း ပထမဦးဆုံးအကြိမ်​အဖြစ်​ NCA လက်​မှတ်​​ရေးထိုးသည့်​ အဖွဲ့နှစ်​ဖွဲ့ဖြစ်​ပြီး ယခင်​အစိုးရလက်​ထက်​၌ တိုင်းရင်းသားလက်​နက်​ကိုင်​တပ်​ဖွဲ့ ၈ဖွဲ့ လက်​မှတ်​​ရေးထိုးခဲ့သည်​။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က NCA ကို လက်မှတ်ရေးထိုး ခဲ့သည့်​ အဖွဲ့အစည်းများမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ် မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ရှမ်းပြည်နယ်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသားအစည်းအရုံး(KNU ) တို့ ဖြစ်​ကြ သည်​။

ဓာတ်​ပုံ – ၀တုတ်

နေပြည်​​တော်​၊ ​ဖေ​ဖော်​ဝါရီ ၁၃၊ ၂၀၁၈

Leave a Reply