ရန်ကုန်-မန္တလေး လမ်းဟောင်းနယ်နိမိတ်အတွင်းရှိ ကျူးကျော် ၁၂ဝဝ ကျော်ဖယ်ရှားရေး နိုင်ငံရေးအခြေနေ စောင့်ကြည့်နေ

0
238

ပဲခူး၊ ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၈

ရန်ကုန်-မန္တလေး အမြန်လမ်း(လမ်းဟောင်း)နယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦ ၁၂ဝဝ ကျော်ဖယ်ရှားရှင်းလင်းရေးအတွက် လက်ရှိနိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေရကြောင်း လမ်းဦးစီးဌာန၊ ပဲခူးခရိုင်လက် ထောက်ညွှန် ကြားရေးမှူး ဦးမင်းလွင်ထွန်းက ပြောသည်။

ဖယ်ရှားရှင်းလင်းမည့်စာရင်းတွင် လူနေအိမ် ၁၉၅ လုံး၊ ဆိုင်ခန်း ၇၈ဝ ခန်း၊ ခြံစည်းရိုး ၂၉၂ ခုနှင့် အဆောက်အဦ ၁ဝ လုံး ပါဝင်ကြောင်း လမ်းဦးစီးဌာနစာရင်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က ရှင်းချင်တိုင်းရှင်းလို့ မဖြစ်ဘူးလေ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကို ဘယ်သူကဘက်ကင်ပေးမလဲ။ ပြီးတော့ လက်ရှိနိုင်ငံရေးအခြေအနေပေါ့။ အဲဒါတွေထည့်တွက်ရသေးတယ်” ဟု ပဲခူးခရိုင်ဦးစီးမှူး ဦးမင်းလွင်ထွန်းက ဆိုသည်။

ပဲခူးမြို့နယ်အတွင်းပါဝင်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း ၃၂ မိုင် အတွင်းရှိ ကျူးကျော်အဆောက်အဦများအား ဖယ်ရှား ရှင်းလင်းနိုင်ရေးလုပ်ဆောင်ခြင်းမှာ ကုန်စည်ကူးသန်းမှုများ လွယ်ကူလျှင်မြန်စေရေး လမ်းနယ်နမိတ်တိုးချဲ့ခြင်းနှင့် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နိုင်ငံတကာနဲ့ကုန်စည်ကူးသန်းတဲ့အခါ အစဉ်ပြေအောင်လို့ ခုလိုဖယ်ရှားတယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ လမ်းဦးစီး ရဲ့လုပ်ဆောင်ချက်ကို နားလည်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ အဲလိုမဟုတ်ဘဲ တိုင်းတစ်တိုင်းထဲမှာပဲ ကွက်ပြီးလုပ်တာ ဆို ရင်တော့ တာဝန်ရှိသူတွေပြန်စဉ်းစားဖို့လိုမယ်” ဟု ပဲခူးမြို့ခံလည်းဖြစ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း(ပဲခူး)၏ ပြင်ပဆက်ဆံရေးတာဝန်ခံတစ်ဦးလည်းဖြစ်သူ ဦးလှဘုန်းဦးက မှတ်ချက်ပေးသည်။

လမ်းနယ်နမိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အမြန်လမ်းမကြီး(Expressway) ၄ဝဝ ပေ၊ အထူး သတ်မှတ် လမ်းများ/အထူးမြို့ပတ်လမ်းများ ၃ဝဝ ပေနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း(လမ်းဟောင်း)ကဲ့သို့သော နိုင်ငံတကာဆက် သွယ်ရေးလမ်းမကြီးများ၏နယ်နမိတ်များအား ၂၃ဝ ပေဟု ၂ဝ၁၅ ခုနှစ်တွင် အသီးသီးပြင်ဆင်သတ်မှတ်ခဲ့သည်။

“ကျွန်မတို့မှာ ဆိုင်ခန်းနေရာအတွက် လစဉ်ဆိုင်ခန်းကလည်းပေးနေ ရတယ်။ အခုသူတို့က ဖယ်ပါဖယ်ပါဆိုပြီး လုပ်ပြန်တော့ ဘယ်သွားပြီး ဈေးရောင်းရမှန်းတောင်မသိတော့ဘူး။ တစ်ကယ်ဆို ဒီနေရက ဖယ်ထုတ် တော့လည်း နောက်နေရာ တစ်ခုအစားထိုးပေးရင်တော့ ပိုပြီးအဆင် ပြေပြေ ပြောင်းရွေ့နိုင်တာပေါ့” ဟု ရန်ကုန်-မန္တလေးလမ်းမကြီးဘေးတွင် ဖရဲ ဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

ထိုသို့ဖယ်ရှား ရှင်းလင်းနိုင်ရန်အတွက် လမ်းနယ်မိတ်အတွင်း ကျူးကျော် ထားသော အဆောက်အဦးပိုင်ရှင်နှင့် ဆိုင်ခန်းရှင် များထံ အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ပြီး ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။ အကြောင်းစာကို ၂ဝ၁၇ ခုနှစ်နိုဝင် ဘာလက ပထမအကြိမ်
နှင့် ဒုတိယအကြိမ်ကို ဒီဇင်ဘာလ ၁၄ ရက်တွင်ပေးပို့ထားသည်။ ဒုတိယစာတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့နောက်ဆုံးထား ဖယ်ရှားပေးရန် ဖော်ပြထားသည်။

မိုးမြေ

Leave a Reply