မြန်မာနိုင်ငံအား ဆော်ဒီနိုင်ငံမှ ငါးတင်ပို့မှု ယာယီရပ်ဆိုင်းရာတွင် ဘာသာရေး အကြောင်းအရာများကြောင့် မဟုတ်ဟု သိရ 

0
201

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈

အာရှနိုင်ငံများမှ ပြည်ပသို့ငါးတင်ပို့ မှုအများဆုံးကိုလက်ခံသည့် ဆော်ဒီအာရေးဗျ နိုင်ငံမှ တင်ပို့သော ရေထွက်ပစ္စည်းများ အား ယာယီရပ်ဆိုင်းခဲ့ရာတွင် ဗီယက်နမ်၊ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံ များအပြင် မြန်မာနိုင်ငံလည်းပါဝင်လျှက်ရှိ နေကြောင်းနှင့် အခြား ဘာသာရေး အကြောင်းတရားများ မရှိကြောင်းကို ငါးလုပ် ငန်းအဖွဲ့ချုပ် မှယနေ့ဖေဖော်ဝါရီလ၁၃ရက်နေ့အဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် မီဒီယာများအားသတင်း မှန်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အများဆုံးမွေးမြူပြီး တင်ပို့နေသောငါးမြစ်ချင်းငါး အမျိုးအစားများကိုဆော်ဒီနိုင်ငံဈေးကွက် သို့ဦးစားပေးတင်ပို့လျှက် ရှိနေပြီးဘဏ္ဍာနှစ်အလိုက်ရေထွက်ပစ္စည်းတင်ပို့မှု တွင်လည်း နံပါတ်၁တင်ပို့မှု အများဆုံးမှာငါးမြစ်ချင်း ဖြစ်နေသဖြင့် ယင်းကဲ့သို့ ဈေးကွက်ယာယီရပ် ဆိုင်းခြင်းငါးလုပ်ငန်းကဏ္ဍအား ထိခိုက်မည်ကို စိုးရိမ်ရခြင်း ကြောင့်သက်ဆိုင်ရာဌာန နှင့်သံရုံးမှ တစ်ဆင့်ဈေးကွက် တင်ပို့မှု ပြတ်လပ်မသွားစေရန် လုပ်ဆောင်လျှက်ရှိနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၀ရက်နေ့ကဗီယက်နမ်သတင်းမှာပါလာတဲ့ ဗီယက်နမ်နိုင်ငံကငါးတင်ပို့မှုကိုဆော်ဒီအာရေးဗျနိုင်ငံ မှရပ်ဆိုင်း တယ်လို့ပါဝင်တဲ့သတင်းထဲမှာဆော်ဒီFDAကနေပြီး ဗီယက်နမ် က ငါးပုစွန်ရေထွက်ပစ္စည်း တင်ပို့နေတဲ့စက်ရုံ ၂၄ရုံ ကိုဝင်စစ်ရာမှာစက်ရုံ၉ရုံ ကပဲသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့အတွက် ငါးတင်ပို့မှုတွေကိုယာယီ
ပိတ်လိုက်တာဖြစ်တယ်လို့ပါရှိပြီးသတင်းရဲ့နောက်ဆုံးစာပိုဒ်မှာ တော့ဘင်္ဂလားဒေ့ရှ် ၊မြန်မာနဲ့ အိန္ဒိယကတင်ပို့ မှုတွေကိုလည်း ယာယီရပ်ဆိုင်းတယ်လို့ ပါဝင်နေတဲ့အတွက်မြန်မာနိုင်ငံအနေနဲ့ လည်း ဒီသတင်းကအရေး ကြီးလို့သက်ဆိုင်ရာ ပို့ကုန်အဖွဲ့တွေ မြန်မာသံရုံး ကနေလည်းတစ်ဆင့်ဆော်ဒီအစိုးရကိုစာပို့ထားပြီးပါပြီ။ ဘင်္ဂလားဒေ့ရှ် ဘက်ကဆိုရင်လည်း ဆော်ဒီအစိုးရ ကို စစ်တာတော့စစ်ပါ၊ ဒါပေမယ့် မစစ်ရသေးပဲတင်ပို့ခွင့်ပိတ်တာတွေမလုပ်ဖို့ပြောကြားထားတာတွေရှိပါတယ်။မြန်မာနိုင်ငံအစိုးရအနေနဲ့လည်းဒီလိုတွေဆောင်ရွက် ရဦးမှာပါ။ ဒါကြောင့်မြန်မာတစ်နိုင်ငံထဲဘာသာရေးအရဘာညာပိတ်တာမဟုတ်ပါဘူး။ကျွန်တော်တို့တစ်နိုင်ငံထဲဖြစ်တာလည်းမဟုတ်ဖူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှအတွင်းရေးမှူးဦးဝင်းကြိုင်ကပြောသည်။

ပြည်တွင်းရေထွက်ပစ္စည်း ပို့ကုန်တစ်ချို့ကို ဆော်ဒီနိုင်ငံသို့တင်ပို့ မှုများနေသကဲ့သို့အခြား ဥရောပနိုင်ငံများနှင့် အီရပ်၊ကူဝိတ်၊ ကာတာ နိုင်ငံများ သို့လည်း တင်ပို့လျှက်ရှိနေကာ ပြည်တွင်းရေထွက်ကုန် ပစ္စည်း တင်ပို့ရန်လျာထား ချက်မှာယခုဘဏ္ဍာနှစ်တွင်သန်း ၇၀၀ပမာဏရရှိရန် မျှော်မှန်းထားကြောင်းနှင့်မြန်မာနိုင်ငံအပါအ၀င် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ဆော်ဒီနိုင်ငံသို့ငါးတင်ပို့မှုများကမတ်လ၃၁ရက်နေ့မှ စတင်ကာယာယီရပ်ဆိုင်းသွားမည်ဖြစ်ပြီးဗီယက်နမ်နိုင်ငံ၏တင်ပို့မှုကို ဇန်န၀ါရီ၃၀ရက်နေ့က ပင်ဆော်ဒီနိုင်ငံမှ ယာယီရပ်ဆိုင်း ထားခဲ့ကြောင်း သတင်းရရှိသည်။

“ဘင်္ဂလားဒေ့ရှ်လိုမူဆလင် နိုင်ငံတွေလည်းပါတယ်။အိန္ဒိယတို့လို
သူတို့လည်းကျွန်တော်တို့ လိုအခက်အခဲ ဖြစ်သွားတဲ့အတွက်ကြောင့် တောင်းဆို နေရတာရှိတယ်။နောက် ကျွန်တော်တို့ အဖွဲ့တွေ အနေနဲ့ လည်းဆောင်ရွက်စရာရှိတာတွေဆောင်ရွက်ပြီးလုပ်ဆောင်သွားဖို့အခုလိုမီဒီယာကနေသတင်းစာရှင်းတာဖြစ်ပါတယ်” ဟုမြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှအတွင်းရေးမှူးဦးဝင်းကြိုင်က ဆက်ပြောသည်။

မေစု

Leave a Reply