ရှေး​ဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်​ထိန်းသိမ်း​ရေးဆိုင်​ရာ မူဝါဒများကို အေ​ကာင်​အထည်​​ဖော်​​ဆောင်​ရွက်​မည်

0
205

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၃၊၂၀၁၈

ရှေး​ဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်​​ရောင်းဝယ်​မှု ကာကွယ်​တားဆီး​ရေးဆိုင်​ရာ ​ဆွေး​နွေးပွဲမှ ထွက်​ရှိလာမည့်​ အကြံပြု ချက်​ ရလဒ်​များအ​ပေါ်မူတည်​၍ ​ ရှေး​ဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်​ထိန်းသိမ်း​ရေးဆိုင်​ရာ မူဝါဒများကို အေ​ကာင်​အထည်​​ဖော်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ​ရှေး​ဟောင်းသု​တေသနနှင့်​ အမျိုးသားပြတိုက်​ဦးစီးဌာနမှသိရသည်​။

ယင်း​ဆွေး​နွေးပွဲတွင်​ ပါဝင်​​ဆွေး​နွေးသည့်​ ပုဂ္ဂိုလ်​​များ၊ အခြားအဖွဲ့ အစည်းများနှင့်ပုဂ္ဂလိကအဖွဲ့များမှတစ်ဆင့် ရရှိလာသည့်​ အကြံပြု ချက်​၊ရလဒ်များနှင့်​အချက်အလက်များကိုစု​ပေါင်း၍ ​ရှေး​ဟောင်းဝတ္တုပစ္စည်းများကို မည်​သည့်​နည်းလမ်းဖြင့်​ တရားဝင်​​ဆောင်​ရွက်​နိုင်​သည်ကို လုပ်​​ဆောင်​သွားရန်​အထိ ရည်​ရွယ်​ထား​ကြောင်း ရှေး​ဟောင်း သု​တေသနနှင့်​ အမျိုးသားပြတိုက်​ဦးစီးဌာနမှ ညွှန်​ကြား​ရေးမှုးချုပ်​ ဦး​ကျော်​ဦးလွင်က​ပြောသည်​။

“ကိုယ့်​နိုင်​ငံရဲ့ပစ္စည်း​တွေပြည်​ပကို မ​ရောက်​သွား​အောင်​ဆိုတာက ဖမ်းဆီးတာ​တစ်​ခုထဲကအ​ဖြေမဟုတ်​ဘူး။အားလုံးဝိုင်းဝန်းထိန်းသိမ်း မယ်​။ထိန်းသိမ်းနိုင်​​အောင်​လဲ ကျွန်​​တော်​တို့က ​ပေးနိုင်​တဲ့ ဥပ​ဒေ ရဲ့ခွင့်​ပြုချက်​ကို​ပေးထားပြီးသားဖြစ်​ပါတယ်​။ဆက်​လက်​ပြီး​တော့လဲ ဒီလို​ရှေး​ဟောင်းပစ္စည်း​တွေကို တရားဝင်​​ရော ဘယ်လို​ဆောင်​ရွက်​​ပေးနိုင်​မလဲဆိုတာကို ကျွန်​​တော်​တို့ လျာထားတာရှိ ပါတယ်”ဟု၎င်းက​ပြောသည်​။

ရှေး​ဟောင်းပစ္စည်း​များကို စု​ဆောင်း​သောသူများသည်​ နည်းအမျိုးမျိုးဖြင့်​ စု​ဆောင်း​နေကြပြီး၊တစ်​ချို့မှာ ​ရှေး​ဟောင်းပစ္စည်းများကို အမှန်​တကယ်​တန်​ဖိုးထား၍ သု​တေသနပြုလုပ်​ရန်​စု​ဆောင်းခြင်းဖြစ်​ပြီး တစ်​ချို့မှာ ပြည်​ပနိုင်​ငံများရှိ ​​ငွေ​ကြေးတတ်​နိုင်​သူများကို​ရောင်းချကာ ၎င်းတို့မှာ မိမိကိုယ်​ကျိုးစီးပွားအတွက်​ပစ္စည်းများစု​ဆောင်းပြီး အမြတ်​ရလျှင်​ပြန်​လည်​​ရောင်းချ သူများလည်းရှိ​သော​ကြောင့်​အဆိုပါအချက်၂ချက်ကိုသဟဇာတဖြစ်
အောင်​ စဉ်းစား​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း၎င်းက​ပြောသည်​။

ယင်း​ဆွေးနွေးပွဲကို မြန်​မာ့​ရှေး​ဟောင်းပစ္စည်းများ အဓွန့်​ရှည်​တည်​တံ့​စေ​ရေးအတွက်​ ကာကွယ်​ထိန်းသိမ်းခြင်းဆိုင်​ရာမူဝါဒကို အ​ကောင်​အထည်​​ဖော်​ရန်​၊​ရှေး​ဟောင်းဝတ္တု ပစ္စည်းများ တရားမဝင်​နည်းလမ်း များ၊ပြည်​ပမ​ရောက်​​စေ​ရေးနှင့်​တားဆီးကာကွယ်​​ရေးဆိုင်​ရာ အကြံဥာဏ်​များ၊​နောင်​အနာဂတ်​အတွက်​ နိုင်​ငံတကာ၏အ​တွေ့အကြုံကို အ​ခြေတည်​သည့်​ အကြံဥာဏ်​များရယူနိုင်​ရန်​နှင့်​ မိမိတို့နိုင်​ငံ၏ ဥပ​ဒေ၊နည်းဥပ​ဒေ၊စည်းကမ်း၊လုပ်​ထုံးလုပ်​နည်းများတွင်​ ဖြည့်​စွက်​ထည့်​သွင်းနိုင်​ရန် စသည့်​ရည်​ရွယ်​ချက်​များဖြင့်​ ပြုလုပ်​ခြင်းဖြစ်​သည်​။

အဆိုပါ​ဆွေး​နွေးပွဲကို သာသနာ​ရေးနှင့်​ယဉ်​​ကျေးမှုဝန်​ကြီးဌာန၊​ ရှေး​ဟောင်းသု​တေသနနှင့်​ အမျိုးသားပြတိုက်​ဦးစီးဌာနနှင့်​UNESCOတို့ ပူး​ပေါင်း၍ ယခုလ ၁၃ရက်​မှ ၁၅ရက်​ထိ အမျိုးသားပြတိုက်​(ရန်​ကုန်​)တွင်
ကျင်းပပြုလုပ်​မည်​ဖြစ်​သည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၃၊၂၀၁၈

Leave a Reply