အင်္ဂလန်ပရီးမီးယားလိဂ်တွင် ဆန်းချက်ဇ်အင်္ကျီ ရောင်းအားအကောင်းဆုံး နံပါတ်တစ်နေရာ၌ ရပ်တည်နေ

0
167

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၁၈

၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွက် ရောင်းအားအကောင်းဆုံး ဘောလုံးသမား အင်္ကျီစာရင်းကို SportsDirect.com မှ ထုတ်ပြန်ခဲ့ရာ မန်ယူကစားသမား ဆန်းချက်ဇ်၏ ကျောနံပါတ် ၇ အင်္ကျီမှာ ရောင်းအား အကောင်းဆုံး နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။

SportsDirect.com ဟာ ဇန်န၀ါရီလ ၁ရက်နေ့မှ စတင်ကာ အဆိုပါရောင်းအားစာရင်းကို ပြုစုခဲ့ပြီး စာရင်းတွင် ကစားသမား (၂၀)ဦးအထိ ပါဝင်ခဲ့ပါတယ်။အာဆင်နယ်ကစားသမား ဆန်းချက်ဇ်ကို မန်ယူမှ ခေါ်ယူနိုင်ခဲ့တဲ့နောက်မှာ မန်ယူအမှုဆောင်အရာရှိချုပ် အက်ဝုဒ်က ဆန်းချက်ဇ်ရဲ့ အင်္ကျီရောင်းအားဟာ ဈေးကွက်မှာ ထိပ်တန်အဆင့် ရပ်တည်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ရောင်းအားအကောင်းဆုံး ကစားသမားများရဲ့ ပထမ ၁၀ ယောက်စာရင်း တွင် ဆန်းချက်ဇ်က ပထမ နေရာမှာ ရပ်တည်နေပြီး ပေါ့လ်ဘာက ဒုတိယနေရာမှ ရပ်နေပါတယ်။စပါးတိုက်စစ်မှူး ဟာရီကိန်းမှာ တတိယ ၊ လီဗာပူးလ်တိုက်စစ်မှူး ဆာလပ်က စတုတ္ထ ၊ ချယ်လ်ဆီးကစားသမား ဟာဇက်က ပဉ္စမ ၊ ဘာစီလိုနာ ကစားသမား ကော်တင်ဟိုက ဆဋ္ဌမ ၊ မန်စီးတီး ကစားသမား ဒီဘရိုင်းက သတ္တမ ၊ အာဆင်နယ် ကစားသမား အိုဇေးက အဋ္ဌမ ၊ လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုက န၀မ ၊ မန်ယူ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဒသမ နေရာတွေမှာ အသီးသီး ရပ်တည်လျှက်ရှိပါတယ်။

NN

Leave a Reply