KIA တပ်မဟာ၉ နှင့် ၁၀ကို တိုးချဲ့ဖွဲ့စည်း

0
210

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၁၈

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIAသည် တပ်မဟာ ၉နှင့် ၁၀တို့ကိုထပ်မံတိုးချဲ့ ဖွဲ့စည်းလိုက်ကြောင်း KIAပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

တိုးချဲ့ဖွဲ့စည်းခဲ့သည့် တပ်မဟာ(၉)ကိုဥရုဆိုင်းမော်ဒေသ နှင့် ကချင်ပြည်နယ်တောင်ပိုင်းတွင် တပ်မဟာ(၁၀)တို့ကို တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“တပ်မတော်နဲ့ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ တရုတ်နိုင်ငံမှာ မတွေ့ခင် ကတည်းက ဆုံးဖြတ် ထားပြီးသားကိစ္စပါ။ တပ်မတော်နဲ့တွေ့ပြီးမှ ဆုံးဖြတ်လိုက်တာမဟုတ်ပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တို့သည် ဖေဖော်ဝါရီ (၁)ရက် နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် ပထမဆုံးအကြိမ်သီးခြားတွေ့ဆုံခဲ့ပြီး KIOမှ တိုက်ပွဲကိစ္စများအပါအ ၀င် ဒေသ တည်ငြိမ်ရေး၊တိုက်ပွဲလျော့ချရေး ၊ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင်အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ်ပင်လုံ ကတိက၀တ်နှင့်အညီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို
ဆွေးနွေးခဲ့ပြီး တပ်မတော်မှKIAတပ်ရင်း(၁၄) ဌာန ချုပ် အပါအ၀င် KIAတပ်စခန်း အချို့ကိုဖယ်ရှားပေးရန်နှင့် KIAတပ်မဟာများတည်ရှိမှုကို အသိအမှတ်မပြုဟု ဆွေးနွေး ခဲ့ကြောင်း KIOကဖေဖော်ဝါရီ ၈ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

“ဒီလိုတိုးချဲ့တာကငြိမ်းချမ်းရေးအတွက် ထိခိုက်စရာမရှိပါဘူး။ ကျွန်တော်တို့က စစ်ဆင်ရေးတွေလုပ်ဖို့ စစ်အင်အား တိုးချဲ့ဖို့ လုပ်တာမဟုတ်ဘူး ။ကျွန်တော် တို့ အောက်ခြေမှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့တွေကို ကွပ်ကဲတဲ့အခါမှာ အဆင်ပြေအောင်လို့ အနီး ကပ်ကြီးကြပ်နိုင်အောင်ဖွဲ့စည်းတဲ့သဘောပါပဲ”ဟု ဗိုလ်မှူးကြီး နော်ဘူကဆိုသည်။

အဆိုပါသီးခြားတွေ့ဆုံမှုအပြီးတွင် နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံရန် သဘောဆန္ဒရှိကြောင်း KIOထုတ်ပြန်ချက်အရသိရသည်။တပ်မတော်နှင့် KIAတို့အကြားတိုက်ပွဲဖြစ်ပွားမှုများကြောင့် ဆွမ်ပရာဘွမ်၊ ဖားကန့်နှင့် တနိုင်းဒေသများတွင် စစ်ဘေး တိမ်းရှောင်သူအရေအတွက်မှာ ယခုလအတွင်းတွင်းမြှင့်တက်လာခဲ့သည်။

ကိုဥာဏ်

Leave a Reply