ဒုတိယအကြိမ်​​မြောက်​ မြန်​မာလူမှုအကျိုးသက်​​ရောက်​မှုဖိုရမ်​ ယခုလတွင်​ ကျင်းပမည်

0
158

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၄၊၂၀၁၈

အာရှစွန့်ဦးပရဟိတကွန်ယက်(AVPN)မှပြုလုပ်မည့်​ဒုတိယအကြိမ်
မြောက်​ မြန်​မာလူမှုအကျိုးသက်​​ရောက်​မှုဖိုရမ်​ Social Impact Forum ကို ရန်​ကုန်​မြို့်​ရှိ Pen Pacific Hotel၌ ယခုလ ၂၇ရက်​တွင်​ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​သည်​။

လွန်​ခဲ့​သောတစ်​နှစ်​​ကျော်​မှမြန်မာနိုင်ငံတွင်ဆွတ်ခူးနိုင်ခဲ့​သော ​အောင်​မြင်​မှုများနှင့်​ အနာဂတ်​အတွက်​ စိန်​​ခေါ်မှုများကို အဆိုပါ​ဆွေး​နွေးပွဲ တွင်​ ​ဖော်​ပြသွားမည်​ဖြစ်​​ကြောင်း ယခုလ ၁၄ရက်​က ဆူး​လေရှန်​ဂရီလာ တွင်​ပြုလုပ်​သည့်​ သတင်းစာရှင်းလင်းပွဲမှသိရသည်​။

ယင်း​ဆွေး​နွေးပွဲတွင်​ ပြည်​တွင်းပြည်​ပပညာရှင်​များမှ ​”အရှိန်​မြှင့်​ Social Impact”​ခေါင်းစဉ်​ဖြင့်စီးပွား​ရေးနယ်​ပယ်​အသီးသီးမှ ​ခေါင်း​ဆောင်​များ၊ကျွမ်းကျင်​ပညာရှင်​များပူး​ပေါင်းလက်​တွဲအ​ဖြေရှာခြင်းမှာ မည်​သို့အ​ရေးပါ​ကြောင်းနှင့်​ အကျိုးသက်​​ရောက်​မှုအများဆုံးရှိ​စေရန်​အတွက်​ ရန်​ပုံ​ငွေချဉ်းကပ်​မှုအ​ကြောင်းအရာ များ ​ဆွေး​နွေးမည်​ဖြစ်​​ကြောင်း သိရသည်​။

AVPNအ​နေဖြင့်​ မြန်​မာလူမှုအကျိုးသက်​​ရောက်​မှုဖိုရမ်​မှ CSR လုပ်​ငန်းများကိုပိုမို​ကောင်းမွန်စွာ​ဆောင်ရွက်လို​သောကုမ္ပဏီများ၊ ​ဖောင်​​ဒေး
ရှင်းများ၊အကျိုးသက်​​ရောက်​မှုအများဆုံးဖြစ်​လို​သောဝင်​​ငွေ​ကောင်းသူများ၊ ထိ​ရောက်​​သော​ထောက်​ပံမှုများပံ့ပိုး​ပေးလို​သူများအတွက်​ လက်​​တွေ့ကျပြီး ​ရေရှည်​တည်​တံ့​သော​ပြောင်းလဲမှုများဖန်​တီးနိုင်​ရန်​ မူဝါဒ​ဘောင်​များ၊အဆက်​အသွယ်​များနှင့်​ ကိရိယာများကို ​ထောက်​ပံ့​ပေးသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ အာရှစွန့်​ဦးပရဟိတကွန်​ယက်​(AVPN)သည်​ အာရှ​ဒေသ တလွှားတိုးတက်​အကျိုးပြုနိုင်​​သော ပရဟိတနှင့်​ လူမှုရင်းနှီးမြှုပ်​နှံမှု အသိုက်​အဝန်းများတည်​​ဆောက်​ရန်​ ရည်​ရွယ်​၍ တည်​​ထောင်​ထား​သော ကွန်​ယက်​တစ်​ခုဖြစ်​သည်​။

ဝေ​ဝေဖြိုး

Leave a Reply