“မုဒိမ်းသမားဆိုရင်သေဒဏ်ပေးတာပဲ သဘောကျတယ်”လို့ဆိုလာတဲ့ ဂျူဒို နည်းပြ ဆရာမ ခင်ချမ်းမြေ့သူ နဲ့ ပဉ္စမလှိုင်းတို့ တွေ့ဆုံမေးမြန်း ထားသမျှကို ဖော်ပြပေးလိုက်ပါတယ်။

0
243

မေး ။ ။ တိုက်ခိုက်ရေးပညာ အခမဲ့ပညာဒါန သင်တန်းကို ဘယ်အချိန် က စပြီးဖွင့်လှစ်ဖြစ် တာလဲ။

ဖြေ ။ ။ သင်တန်းကို ၂၀၁၇ ဂျူလိုင်မှာစဖွင့်ပါတယ်။ သင်တန်းသား ကတော့ ယောက်ကျာ်းလေး မိန်းကလေးစုစုပေါင်း ၁၆၀ ရှိပါတယ်။ ဒီလိပ်စာအတိုင်းဆို ၇ လရှိပြီ အောင်ဆန်းကွင်းမှာတော့ တချိန်လုံး သင်ပေးနေတယ်။သူတို့ကနွေရာသီလို့ပြောပေမယ့် ချမ်းက တစ်ချိန်လုံး သွားသင်ပေးနေတယ်။ ကိုယ့်မှာတပည့်တွေကလည်းအများကြီးရှိတော့ တခြားလက်ထောက်တပည့်တွေနဲ့ထားထားခဲ့ တယ်။ ပညာဒါန သင်တန်းမှာကျတော့ ချမ်း သင်ပေးနေတာကတော့ အမှတ်(၃၅)၊ မြေညီ (၁၆၄) လမ်း တာမွေမြို့နယ်။ အဲ့ဒီမှာ ချမ်း စနေ၊ တနင်္ဂနွေကို မနက် ၉နာရီခွဲကနေ ၁၂ခွဲအထိအချိန်သတ် မှတ်ပြီးတော့သင်ပေးနေပါတယ်။ ယောက်ကျာ်းလေးမိန်းကလေး မည်သူမဆိုကိုသင်ပေးတာ။အသက်၅နှစ် ကနေစပြီးတော့ ၅၀ကျော်အထိချမ်း ဆီမှာရှိတယ်။ ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ထင် တဲ့သူတိုင်း ကျန်းမာတယ်ဆိုတာက နှလုံးနဲ့ ပတ်သတ်ပြီးတော့အဆုတ်နဲ့ပတ်သတ်ပြီးတော့ ကျန်းမာတယ်လို့ ထင်တဲ့သူတိုင်း ချမ်းဆီမှာလာပြီးအချိန်မရွေးသင်လို့ရတယ်။

မေး ။ ။ ။အခမဲ့သင်တန်းမှာ ဘယ်လိုနည်းပညာတွေကို အဓိကထား သင်ကြားပေးပါသလဲ။

ဖြေ ။ ။ အဲ့ဒီအချိန်ထဲမှာ ကိုယ်အချိန်ပေးရမှာက နာရီဝက်ဆိုလည်း နာရီဝက် ၁၀မိနစ်ဆိုလည်း၁၀မိနစ် ကိုယ်လာတဲ့အချိန်ထဲမှာ လိုချင်တာ သူတတ်နိုင်သလောက် သူခံနိုင်ရည်ရှိသလောက် သူ့မှတ်ဥာဏ်စွမ်းအား ရှိသလောက်ကို ချမ်းကပညာတစ် ကွက်ဆိုတစ်ကွက်သင်ပေးလိုက်မယ်။ နောက်ပြီးတော့ အစအဆုံးသင်ဖို့ကိုယ်ဝါ သနာပါတဲ့သူတွေဆို သီးသန့်ပြော၊ သီးသန့်ခေါင်းစဉ်တစ်ခုအောက်မှာသင်ပေးမယ်။သူက ဂျူဒိုသမား ဖြစ်ချင်လို့သူက ကရာတေးသမားဖြစ်ချင်လို့ ဆိုရင် အောင်ဆန်းကွင်းမှာသေချာစနစ်တကျ အစအဆုံးပြန်သင်ပေးမယ်။ ဒါကကျတော့တစ်ကွက်ချင်းစီနဲ့ မဆိုင်တော့ဘူး ပရော်ဖက်ရှင်နယ် သွားချင်တယ်ဆိုရင်သင်ပေးတယ်။ အခုက ချမ်းက အကုန်လုံးကို စုံပြီးသင်ပေးတာ၊ ဘာအတွက်လဲ ဆိုတော့ ရုတ်တရက်လာပြီး အန္တရယ်ပြုရင် ကိုယ်က လျှပ်တစ်ပြက်ပြန်တိုက်ခိုက်ဖို့ အတွက်သင်ပေး တာဖြစ်လို့ အကုန်အစုံသင်ပေးမှာ၊ အစုံဆိုတာဘယ်လိုဖြစ်မလဲဆိုတော့ လူတစ်ယောက်လာဖမ်း ချုပ်ရင် ရှောင်လိုက်မယ်။ တစ်ခါတည်း အဲ့လူကို ကိုင်ပေါက်လိုက်မယ်။ အောက်ရောက်ရင်ချိုးမယ်။ ကြည့်လိုက်မယ် သူဆက်ပြီးမလုပ်နိုင်တော့ရင် ဘေးလွတ်ရာကိုသွားမယ်။ တဆက်တည်းနည်းပညာတွေကို တပြိုင်တည်းသုံးလို့ရတဲ့ တကယ် လိုအပ်တဲ့တိုက်ကွက်တွေပဲသင်ပေးမှာ ။အဲ့ဒီအတွက် ကိုအချိန်လည်း အများကြီးမလိုဘူး ။အခြေခံကိုလည်းအကြာကြီးဆွဲသင်မှာမဟုတ်ဘူး ။ သင်ရိုးတန်း စာအုပ်ကြီးလည်း မရှိဘူး။ဒီနေ့ဒါသင်မယ် မနက်ဖြန်ကျ ဒါသင်မယ်ဆိုပြီး စာအုပ်ကြီးရှိရင် ဒီနေ့လာတဲ့သူတွေက ဒီနေ့အကွက် ကိုရမယ်။မနက်ဖြန်သူ မလာနိုင်ရင်မနက်ဖြန်အတွက်တွေကို သူလွတ်သွားမယ် ။နောက်တနင်္ဂနွေမှ လာနိုင်တဲ့သူတွေက စနေနေ့က သူမသင်နိုင်တဲ့အတွက် စနေနေ့ကဟာကို လွတ်သွားမှာဖြစ်တဲ့ အတွက် ရှုပ်ကုန်မှာစိုးလို့လာတဲ့သူတွေကို ဘယ်အုပ်စုအခြေခံသင်ပြီးပြီလဲ တစ်အုပ်စုခွဲ ၊ဒီအုပ်စုကခြေထောက်ကွက်ရပြီလား တစ်အုပ်စုခွဲ။ လက်အကွက်ရတဲ့သူကတစ်အုပ်စုခွဲ အဲ့လိုမျိုးနဲ့တင်ကိုယ်သင်ချင်တာ ကိုယ်သင်ပြီးသလောက် တင်ပဲ ဆက်စပ်ပြီး သင်ပေးမှာ တစ်ယောက် ချင်းစီကို အပိုင်နည်းတစ်နည်းလောက်ဆီသင်ပေးလိုက်မယ်။ အဲ့လိုနည်း နဲ့ချမ်းသင်တာပါ။သင်ရိုးစာအုပ်ကြီးနဲ့သင်တာမဟုတ်ပါဘူး။

မေး ။ ။အဲ့အထဲမှာကျတော့ဂျူဒိုတစ်မျိုးတည်းမဟုတ်ပဲ တခြား ဘာတွေ ပါသေးလဲ။

ဖြေ ။ ။အကုန်ပါမယ် ။လက်ဝှေ့လည်းပါမယ် MMA(Mix Martial Arts) လည်းပါမယ် ။

မေး ။ ။အခမဲ့ ပညာဒါနသင်တန်းဖွင့်ရတဲ့ရည်ရွယ်ချက်ကိုရှင်းပြပါ။

ဖြေ ။ ။ ရည်ရွယ်ချက်က အမတစ်ယောက်တည်းဆို ကိုယ့်ဘာသာ ကာကွယ်တတ်တယ်။ပြီးရင်ကိုယ်သွားတဲ့နေရာမှာမြင်တဲ့အားနည်းတဲ့သူတိုင်းကို ကူညီမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်ကူညီ နိုင်တာသေချာ တယ်လေ။ သုံးလေးငါးယောက်ဖြစ်နေရင်တောင် ၀င်ဆွဲပြီးကူညီနိုင် တယ်။ ရောက်တဲ့ နေရာတိုင်းမှာပါဝင်ပတ်သက်ပြီးကူညီမှာပဲ။ အစ်မတစ်ယောက်တည်းနဲ့ကူညီနိုင်ရင်အစ်မတပည့် ၁၀ ယောက်ရှိရင် ၁ဝယောက်စီပြန့်ပွားအောင်မလုပ်နိုင်လဲ တစ်ယောက်စီပြန့်ပွားအောင် လုပ်နိုင်ရင် အ ယောက်၂၀ က ကိုယ့်ပတ်ဝန်းကျင်မှာ သူ့ကိုယ်သူလည်း ကာကွယ်နိုင်မယ်။ ပတ်ဝန်းကျင်နဲ့ သူ့မိသားစုကိုလည်း အခြေအနေ နဲ့အချိန်အခါကိုကြည့်ပြီးတော့ကာကွယ်နိုင်မယ်။ကိုယ့်ဘာသာကာကွယ် နိုင်တဲ့သူ ကူညီနိုင်တဲ့သူများလာပြီဆိုလို့ရှိရင် မကောင်းတာ လုပ်မယ့် သူတွေက လည်း သူတို့အခွင့်အရေးရလို့ရယ် အချောင်ရလို့ရယ် ထင်လို့ လုပ်တာ။ သူတို့မချောင်ဘူးလို့ထင်ရင် နည်းသွားလိမ့်မယ် ။သူတို့ ပြစ်ဒဏ်တစ်ခုခုခံရအောင်ရအောင်ဖမ်းချုပ်ပြီးတော့ပို့မှာပဲ ။မကောင်း တာလုပ်တဲ့သူက မကောင်းတဲ့လမ်းသွားမှာ။ အဲ့တာကြောင့် အကုန်လုံး ကို ပညာပေးချင်တာ။ရန်ကုန် မြို့ရဲ့အလယ်ကောင်ကြီးဖြစ်နေတဲ့ အခန်းဈေးကြီးတဲ့နေရာမှာတောင် အစ်မကိုယ်တိုင်မချမ်းသာပေမယ့် ပညာဒါနအခမဲ့လို့သင်ရတာ။ အဲ့တာကြောင့်ပဲ အားလုံးကို အစ်မ တစ်ထောင့်တစ်နေရာကနေ ကူညီချင်တယ် ။အစ်မ တစ်ယောက်တည်း ကူညီတဲ့လက်တံရယ် အစ်မတပည့်တွေအများကြီးက နေရာအနှံမှာ ပြန့်ပွားသွားပြီး ဖြစ်တဲ့အတွက် နယ်ကလူတွေလဲ အခုလာသင် နေတာဖြစ်လို့ နယ်မှာ ပြန့်တော့မယ်။ ပညာတစ်ခုဆိုတာ အများကြီး ဖြန့်ဝေနိုင်ရင်အများကြီးဆီရောက်ကုန်မယ်။ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်က အဲ့တာပဲ။

ဖြေ ။ ။ တိုက်ခိုက်ရေးပညာသင်ကြားထားတဲ့အခါကျတော့ ကိုယ့်ရဲ့ ပညာကိုမလိုအပ်ပဲထုတ်မသုံးဖြစ်အောင်ထိန်းထားကြတယ်ကြားဖူး တယ်။ ထုတ်သုံးတဲ့သူတွေလည်းရှိတယ်ဆိုတော့အဲ့အပေါ်မှာဘယ်လို မြင်မိလဲ။

ဖြေ ။ ။ ဘယ်လိုမြင်လဲဆိုတော့ တတ်ယောင်ကားတွေပဲနေမှာပါ။ သူတို့ကတတ်ခါစလေးတွေမို့ သွေးကြွလို့မလို့နေလိမ့်မယ်။ တကယ် တတ်တဲ့သူတွေ ကအဲ့လိုမလုပ်ဘူး။ ကိုယ့်အချင်းချင်းလဲ စိန်မခေါ်ဘူး။ ကိုယ့်ပညာကိုနေရာတိုင်းမှာထုတ်သုံးရမယ်လို့ခေါင်းထဲမှာမတွေးတော့ဘူး။ တကယ် တတ်သွားရင်လူသန်တာနဲ့အမျှ လူတွေတောင် သန်မာအောင်လေ့ကျင့်တဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားပါ သန်မာလာ တယ် ။ သာမန်တစ်ယောက်နဲ့တစ်ယောက်နဲ့တောင် ၀င်တိုက်မိတာမျိုး စိတ် ထောင်းကနဲ့ဒေါသထွက်တဲ့နေရာမျိုးမှာ သူတို့ကနာသွားတာကိုး။ နာသွားလို့ဒေါသထွက်မှာ။ ဒါမျိုး တွေက ကိုယ်တွေက လေ့ကျင့်ပြီးသား ဖြစ်တော့ အုံးကနဲလာတိုက်လဲ နာမှမနာတာ။ မနာတဲ့အပြင် သူတောင် ပြန်နာသွားမယ်။ ယိုင်သွားမယ်။ ဆိုတဲ့အခါကျတော့ ကြုံဖူးတယ်။ ကိုယ်မိန်းကလေး လဲဖြစ်တော့ မိန်းကလေးလို့ပြောတာက အားနွဲ့ သူလို့ပြောတာအကြောင်းရှိလို့ ကိုယ်လည်းမြန်မာ အကျီနဲ့ ထမိန်နဲ့ သွားလာနေတာပဲ ။ တစ်ခါတုန်းက ရန်ကင်းစင်တာမှာ ပိန်ပိန်ရှည်ရှည်နဲ့ ၀န်ထမ်း ကောင်လေးတစ်ယောက်က သူ့မှာအရမ်းအလုပ်ရှုပ်နေတုန်း အ၀င်အထွက်မှာသူနဲ့ကိုယ်နဲ့ တိုက်ကျ တယ်။ တိုက်တော့ ဘာဖြစ်လဲ ဆိုရင် သူယိုင်ထွက်သွားတာ။ ဒေါသကဘာလို့မဖြစ်ရလဲဆိုတဲ့အ ကြောင်းကိုပြောပြတာ ။ သူယိုင်ထွက်သွားတဲ့အချိန်မှာ သူနာသွား လို့လည်း ဖြစ်မယ် ရှက်သွားလို့လဲ ဖြစ်မယ်။ကိုယ်ကျတော့ လေ့ကျင့် ပြီးသားဖြစ်နေတဲ့သူဖြစ်တော့ ကိုယ့်အချင်းချင်းတောင်လေ့ကျင့်နေ ခဲ့တာဆိုတော့ ဆောင့်တဲ့အချိန်မှာကလေးကယိုင်ထွက်သွာတယ်။ ပြီးတော့သူကဆောရီးဆိုတာ ပြောဖို့ကို အောင့်နေတာနဲ့တင် ဆောရီးက ငါးစက္ကန့်ခြောက်စက္ကန့်လောက်အထိထွက်မလာဘူး။ သူ တောင်းပန်ဖို့ကို သူ့ဆောရီးကအရမ်းကြာနေတယ်။ ကိုယ် ကတောင်အုံဖွအုံဖွ လုပ်ပေး ရမယ့် အနေအထား ။ကိုယ်ကကြွားလို့နောက်လို့ပြောတာမဟုတ်ဘူး။ ကိုယ်တတ်ထားတာဖြစ်တဲ့အတွက် ကိုယ်က တောင်ပြန်အားနာ နေရ တယ်။အဲ့ဒီနေရာမှာတခြားမတတ်တဲ့သူချင်းက ၀င်တိုက်မိရင် နာလို့ ဒေါသ ထွက်တာ။ မနာတဲ့အတွက်ရယ် ကိုယ့်စိတ်မှာက နာကျင်မှုကို မသိလို့ရယ် ခန္တာကိုယ်လေ့ကျင့်ရင်းနဲ့ ပြိုင်ပွဲနားနီးရင် တရားထိုင် တာတွေရှိတယ်။

မေး ။ ။ အခုဆိုတိုက်ခိုက်ရေးကို လေ့ကျင့်ခန်းတစ်ခုအဖြစ် မိန်းကလေး တွေတော်တော်များများ ကလည်း စိတ်ဝင်စားလာကျတာတွေ့ရတော့ ဘာများမှတ်ချက်ပြုချင်တာရှိပါသလဲ။

ဖြေ ။ ။ စိတ်ဝင်စားသင့်တယ်။ လူ့ဘ၀ကိုရောက်လာပြီဆိုရင် မိဘက ကျောင်းသွားဆိုပြီးလွှတ်လိုက်တာ ။ဒီအတတ် ပညာတစ်ခု တတ် ရမယ် ဆိုပြီးတော့ ဒါသမရိုးကျ အားလုံးသိထားတဲ့လမ်းစဉ် ပဲ။ ကျောင်းသွား ပြီးရင် ဘွဲ့ရအောင်ယူရမယ်။ဆယ်တန်းအောင်ရမယ် ဘွဲ့ရရမယ်။ ဘွဲ့ဓါတ်ပုံချိတ်လိုက်လို့ အိမ်မှာလခတွေမရောက်လာဘူး။ ဘွဲ့ဓါတ်ပုံ ချိတ်လိုက်ပြီးရင် ဒီနောင်ဆက်တွဲကိုဘာသာ စကားတွေလေ့လာရမယ်။ ပြီးရင်ကျွမ်းကျင်မယ့် နည်းပညာပိုင်းအတတ်ပညာတွေထပ်လေ့လာရ မယ်။ ဘွဲ့ရတိုင်းကိုခန့်မယ့် အလုပ်ဆိုတာမရှိဘူး။ အဲ့ကနေပြီးတော့မှ သာတဲ့သူတွေကိုခန့်မှာ။ အဲ့ တော့ ဘာကြောင့်နှစ်တွေအများကြီး ရင်းခဲ့ တာလဲ။ မိဘတွေဆိုလည်း ဘွဲ့ရပညာတက်တစ်ယောက် ဖြစ်ဖို့ ဂုဏ်လေး တစ်ခုနဲ့ ဘာကြောင့်ဂုဏ်မှန်းမသိတော့ဘူး။ ကိုယ်လည်း တစ်ဖြည်းဖြည်းနဲ့ အဲ့အတွက် လုပ်ခဲ့တာ အချိန်တွေအများကြီး ရင်းခဲ့တယ်။ဦးနှောက် တွေမှတ်ဥာဏ်တွေအများကြီးသုံးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့တို့တွေထမင်းစားဖို့လက်မှတ်တစ်ခုတည်း အတွက် နဲ့လုပ်ခဲ့တာ ။ အတန်းပညာမတက်တဲ့သူတွေလည်း လက်မှုပညာတစ်ခုတော့တတ်ရတယ်။သူတို့တွေဘာလုပ်ရ လဲ အင်အားစိုက်ရတယ် ။အတန်းပညာမတတ်တဲ့သူတွေကလည်း လက်မှုပညာမျိုးစုံနဲ့သူတို့လုပ်ငန်းတွေကို သွားတယ်။ ထမင်းစားဖို့ မိသားစုကို ကူဖို့အတွက်နဲ့သွားတယ်။ ပိုက်ဆံထုပ်နဲ့ကိုင်ပြီး ပြန် လာမယ်။ မနက်တိုင်းသွားမယ် ။ ညနေတိုင်းပြန်ရမယ် ။ ဘွဲ့ရပညာ တတ်တွေ ကလည်းရုံးတက်မယ်ရုံး ဆင်းမယ်။နောက်ဆုံး လူချမ်းသာ အသိုင်းအ၀ိုင်းကဆိုလည်းသူတို့ဟာသူတို့ ကိုယ်ပိုင်ကားကြီးနဲ့ပဲ သွားသွား ကိုယ်ပိုင်ကားစီပြန်လာဖို့ ကားတံခါးလော့ဂ်ျတော့ ဖွင့်ရအုံးမှာပဲ။အဲ့အချိန်တွင်းမှာလည်း အန္တရယ်ကြုံနိုင်တာပဲ။ မိုးလင်းမိုးချုပ်သွားနေရတဲ့သူတွေကလည်း ဒီရက်ကွက်မှာမလိုဘူးငါ့ကို ရန်သူရှိလို့ အန္တရာယ်ရှိလို့နောက်ရက် ကွက်ပြောင်းလိုက်မယ် ဆိုရင်လည်း နောက်ရက်ကွက်မှာပေါ် လာအုံးမှာပဲ။ ဒီအချိန် သွားလို့ဖြစ်တယ်ဆိုရင်နောက်အချိန်သွားလည်းမပြောနိုင်ဘူး။ လုယက်သူ တို့ မူးယစ်ဆေးဝါးလွန်ကဲနေတဲ့သူတို့ စိတ်ဂနာ မငြိမ်ဖြစ်နေတဲ့သူတို့ကအချိန်မရွေးထဖြစ်နိုင်တာပဲ။ မတော်တဆ ပြေးလာပြီးလည်ပင်းညစ်ရင်အုံးတော့ အသားလွတ်ကြီး လာဆောင့် ဆွဲအုံးတော့ ဒါနေ ခင်းကြောင်တောင်လဲဖြစ်နိုင်တာပဲ ။ စိတ်မကျန်းမာတဲ့ သူတွေကိုကိုယ့်အိမ်ထဲမှာစောင့်ရှောက်ရင်း လွတ်ထွက်သွားတာလဲ ဖြစ်နိုင်တာပဲ ။ ဘာမှန်းမသိတဲ့ ဟာအတွက်တောင် အချိန်အများကြီး အကုန် ခံရတယ် ။ထမင်းစားဖို့အတွက်အသက်ရှင်ဖို့အတွက်တောင်မှ ဒါတွေအများကြီးရင်းခဲ့ပြီးပြီ ။ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပညာတွေကို အဲ့လောက်အချိန်အကြာကြီးမရင်းရဘူးလေ။ နောက်ပြီးတော့ ကိုယ် ဆိုရင်လည်း ပညာဒါနသင်ထားတာဖြစ်တဲ့အတွက် ပိုက်ဆံအဲ့လောက် ထပ်မကုန်ဘူး။ အဲ့ဒီအတွက် ရန်ကုန်မြို့မှာရှိနေတယ်ဆို ရောက်အောင် လာခဲ့ပါ။ ရောက်အောင်လာခဲ့တဲ့တစ်ရက်မှာတစ်ကွက်ရ အောင် သင်ပေးမယ်။ ကျင့်တာကကိုယ့်ဘာသာကိုယ် ကျင့်ဖို့နည်းကို သင်ပေး လိုက်မယ်။ပြန်ရင်အဲ့တစ် ကွက်ကိုရအောင်ကျင့် သုံးကွက်ဆို သုံးကွက် ရအောင်ကျင့် အဲ့တော့အချိန်မလိုဘူး။ ကိုယ့်အိမ်မှာ ကျင့်ဖို့နေရာလည်း မလိုဘူး။ ကုလားပဲစား၊ အာလူးစား၊ ဂျုံတွေစားပြီးခွန်အားသန်မာ နေလို့ရတယ်။ အဲ့တာလေးတစ်ကွက်အတွက်ကို အချိန်လေးပဲ ပေးပြီးတော့ အားလေးပဲစိုက်ပြီးလာသင်လိုက်။ အဲ့တစ်ကွက်ရသွားပြီဆို တစ်သက်လုံးအဲ့ပညာက ကိုယ်တိုင်အဲ့ဒီ တပည့်ကိုမုန်းလို့ ပညာပြန်ပေး ဆိုရင်တောင်ပြန်နှုတ်ယူလို့မရတော့ဘူး။ တတ်တာချင်းတူနေရင် တောင်လေ့ကျင့်တာများတဲ့သူကပိုပြီးအားသာနေမှာပဲ ။

မေး ။ ။ အွန်လိုင်းပေါ်ကနေရောသင်ကြားပေးဖို့အစီအစဉ်ရှိလား။

ဖြေ ။ ။ အဲ့လိုကျတော့ ဆရာတပည့်တွေရိုက်မယ်။ ဗီဒွီယိုဖိုင်လေးတွေ ပေါ့နော်။ နှစ်ယောက်ဆုံ တယ် ။ဒီချိုးနည်းနဲ့ပတ်သက်လို့ ဒီလိုလုပ်ရ တယ် ဆိုတာ ရှင်းပြရင်းနဲ့ဆရာတပည့်တွေလုပ်ပြမယ်။ ပြီးရင်ဒီချိုး နည်းက ဘယ်နေရာမှာအသုံးတည့်မှာလဲ ဆိုတဲ့ဥစ္စာလေး နဲ့ထပ်ရှင်းပြ မယ် ။တပိုဒ်ခြင်း စီလုပ်ဖို့ ပြင်ဆင်နေတယ်။အခုတော့မအားသေးလို့။

မေး ။ ။ အခုဆို ဆိုရှယ်မီဒီယာမှာ မိန်းကလေးတွေကို အနိုင် အထက် ကျင့် တိုက်ခိုက်တာမျိုးတွေ အနိုင်ကျင့်တာမျိုးတွေကို တွေ့နေရတာတွေ လည်း ရှိတော့ ဒီလိုကိုယ်ခံပညာရပ်တွေကအမျိုးသမီး တွေအတွက် ဘယ်လောက်လိုအပ်သလဲ ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ ။ ။ တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အချိန်မှာ လုပ်ရမှာက တစ်ကွက်တည်းပဲ ။အများကြီး ကို အကွက်စုံပြရလောက်အောင် ဒါဇတ်လမ်းကြီးမဟုတ်ဘူး။ အကွက်လှတွေပြစရာမလိုဘူး။ ကြုံရင် ကြုံသလိုဆွဲလုပ်လိုက်တဲ့ဟာကကိုယ့်အန္တရယ်လွတ်ပြီဆိုရင်ပြေးလို့ရ
အောင်ဆိုတော့ အဲ့ဒီဟာမျိုးဆို ရင်အချိန်မလိုဘူး။ အကွက်ကလည်း နည်းနည်းပဲလိုတယ်။ ထပ်ပြီးလိုတာက သတိဝီရိယရှိဖို့လိုတယ်။ သွားနေရင် ကိုယ့်ကို အန္တရယ်ကိုဖိတ်ခေါ်တဲ့ဟာမျိုးမဖြစ်စေနဲ့ပေါ့။ ကိုယ့်ဘာကိုယ်လုံလုံခြုံခြုံ ၀တ်ရမယ်။ အမဆိုရင် ပုံတွေရိုက်တဲ့ အခါမှာသာ အကျပ်တွေဝတ်ချင်ဝတ်မယ်။ အပြင်သွားတဲ့အခါမှာ လုံလုံခြုံခြုံပဲသွားတယ်။ မြန်မာဝတ်စုံဝတ်ရင်တောင် ကုတ်အကျီ ရှပ်အကျီ တစ်ထည်ထပ်ခြုံသွားတယ် ။ သဘောတရား ကတော့ကိုယ် မမြင်နိုင်တဲ့မူးယစ်တဲ့ဆေးမျိုးတွေနဲ့လာ တို့ရင်လည်း အသားဆိုတာ ပေါ်နေရင် တို့မိရင်မူးသွားမှာပဲ။ ဘယ်လောက်ကျွမ်းတဲ့ပညာရှင်ပဲဖြစ်ဖြစ် မူးသွားပြီးရင် ဘာမှမတက်နိုင်တော့ဘူး။ အဲ့တော့သူ့ဘက်က အားသာ သွားမယ်။အဲ့တော့သတိဝီရိ ထားရမယ်။ ကားပေါ်တက္ကစီပေါ် တက်ပြီပဲ ထားတော့ နောက်ကိုကြည့်လိုက်လို့နောက်မှာလူမရှိဘူး။ ရှေ့ကိုကြည့် ဘယ်တော့မှပေါင်းမစီးနဲ့ လမ်းကျမှပေါင်းပြီး ထပ်တင်မယ် ဆိုလည်း ကိုယ်အဆင်မပြေရင် ဆင်းလိုက် ဒါမျိုးကသတိဝီရိယကိုယ်တိုင်သိရမယ်။ ကိုယ့် အသက်ကို ဥာဏ်စောင့်တယ် အဲ့ဒီဟာက အလားကား ထားထား တာမဟုတ်ဘူး။ မသွားပဲနဲ့ရှောင်လိုက်ရတဲ့နေရာမျိုးတွေမရှိဘူး ။ သွားရမယ်။ သတိဝီရိယနဲ့ သွား ။တစ်နေရာ တစ်နေရာဆို အဆက် အသွယ်မပြတ်စေနဲ့။ အန္တရာယ်ကချက်ချင်းကျလာရင်ဆက်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဆိုအဆင်မပြေဘူး ။ အဲ့တော့ကို့ကိုယ်ကို အဆင်ပြေအောင်လို့သွား။ ဘယ်နားဘယ်နားရောက်နေပြီဆိုတဲ့ အဆက်အသွယ်ကို တစ်နေရာတိုင်းမှာပေး ။အမဆိုရင် လုပ်တက်တဲ့အကျင့်တစ်ခုက ရှပ်အကျီတစ်ထည်ခြုံလိုက်တယ် လည်ပင်းမပေါ်နေဘူး လက်တွေမပေါ်နေဘူး မူးယစ်တဲ့ဟာတွေ အမလက်ကိုလာတို့လို့မရဘူး ။ တက္ကစီစီးပြီဆိုရင်နောက်ဖုံးကို အရင်ကြည့်လိုက်တယ်။ Gasဘူး ထားတဲ့နေရာကနေ လူတွေက လိုက်လိုက်လာတတ်တယ်လေ။ရှေ့မှာပဲလူပါလားပဲကြည့်တာ ရှေ့ကလူကကိုယ့်ကိုအန္တာရာယ်လုပ်ဖို့အတွက်ကိုဆင်းရအုံးမှာ။ သူဆင်းတဲ့အချိန်မှာကိုယ့်မှာအခွင့် အရေးအများကြီးရနေပြီ ။အဲ့ဒါကို နောက်ကိုကြည့် ရှေ့မှာလူပါရင်လည်းမစီးနဲ့ လမ်းကျမှလူပေါင်း တင်ရင်လည်းအဆင်ပြေတဲ့ပိုက်ဆံပေးပြီး နောက်တစ်စီးပြောင်းစီး။ အဲ့လိုကစသတိထားပေါ့နော် ။ ဒီပညာတတ်ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ကိုသတိထားဖို့လည်းလိုတယ်။

မေး ။ ။ နိုင်ငံအနေအနှံအပြားမှာ အသက်ငယ်ရွယ်သူတင်မကပဲ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရတယ်။ သတ်ဖြတ်ခံရတာတွေအပေါ် မခင်ချမ်းမြေ့သူ အမြင် ဘယ်အရ ဘာများသုံးသပ်ချင်တာရှိပါသလဲ။

ဖြေ ။ ။ အမျိုးသမီးတွေဝတ်တာစားတာရယ်၊ ထားပါတော့ပေါ်တယ်ပေါ့ ဟိုက်တယ်ပေါ့။ညဘက်တွေကိုအချိန်မတော်တွေသွားတယ်ပေါ့ ။ အဖော်မပါပဲနဲ့ ပေါ့။ မကောင်းတာလုပ်ချင်တဲ့ သူတွေအနေနဲ့ မသာမာ သူတွေ အတွက်အခွင့်အရေးရတယ်လို့ သူတို့စိတ်ကိုနှိုးဆော်လို့ဆိုတာ ကိုအမကတော့လုံးဝလက်မခံဘူး။ ပေါ်တာဟိုက်တာဝတ်တဲ့ ကလေး
တွေကိုရော အန်တီကြီးတွေ ကိုရော သွားနေရင်ပဲ လူကိုစော်ကားချင် တာပဲ ဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်လူကိုစော်ကားချင်တဲ့သူတို့ ရဲ့မွေးထဲကပါလာတဲ့သန္ဓေလို့ပဲထင်တယ်။ အားကစားလောကမှာဆိုရင် တချိန်လုံးဒီအသားကြီး တွေပေါ်နေတာပဲ။ ဆရာဝန်တွေဆို ဘယ်လို လုပ်မလဲ။ထိတွေ့စမ်းသပ်မှာပဲ ။တင်ပါးတစ်ဝက်ပေါ် အောင်ဆေးထိုး ခံရတာပဲ။ တို့တွေ အဲ့ဒီလူတွေရဲ့စိတ်မှာဘာသွင်းလိုက်လဲ။ ဒါရောဂါ သည် သူကုပေး ရမယ်။ ဒါသူ့စိတ်နဲ့ပဲဆိုင်တယ်။ မွေးသန္ဓေက ပါလာပြီးသား။ နိုင်ငံရေးသမားဆိုလည်းနိုင်ငံရေးစိတ်နဲ့ လာပြီးသား။ သူ့ကိုထောင်ထဲခဏခဏထည့် ပြန်ထွက်လာလည်းနိုင်ငံရေးပဲလုပ်မှာပဲ ။ အနုပညာ သမားသူတို့အလုပ်သူတို့လုပ်မှာပဲ ။ အမဆိုသိုင်းသမား ကျိုးတယ်ပဲ့တယ် မျက်နှာတွေထိတယ် အမလုပ်နေမှာပဲ။ သူတို့မှာ ပါပြီးသား။ အခြေအနေအချိန်အခါပေါ်လာရင်သူတို့ရဲ့ သူတို့ပင်ကိုယ် စိတ်ပေါ်လာတာလို့ခေါ်တယ်အဲ့တာက။ အဲ့ဒီတော့ကောင်မလေးတွေ ဟိုက်ပြီးသွားနေမှမဟုတ်ဘူး။ အန်တီကြီးတွေပေါ်လည်း သူတို့က လုပ်မှာပဲ ကလေးလေးတွေမြင်လည်းသူတို့ကဒီစိတ်ပဲရှိတဲ့ အတွက်ကို အခွင့်အရေးရတာနဲ့လုပ်မယ့်သူတွေကခံလိုက်ရတဲ့သူအပေါ်မှာမမူတည်ဘူး။ လုပ်တဲ့သူရဲ့ စိတ်အပေါ်မှာပဲမူတည်တာဖြစ်တော့ အမကတော့ ဒါမိန်းကလေးတွေ ပေါ်လို့ဟိုက်လို့တွေတို့ တစ်ယောက်တည်း သွားလို့တွေအချိန်လင့်လို့တွေအဲ့အပေါ်မှာမမူတည်ဘူး ။ သူတို့စိတ် အရင်း ခံကိုကအကြမ်းဖက်သမား တွေက အခြေအနေအချိန်အခါကိုပဲ သူတို့ကနေ့ခင်းကြောင်တောင် လည်းသူတို့ကစောင့်နေမှာပဲ။ ညဆို လည်း စောင့်နေမှာပဲ။ အဲ့တော့ သူတို့နဲ့ပဲဆိုင်တယ်ပေါ့။ ကိုယ်ဘက်က ဘာလုပ်ရမလဲ။ တတ်နိုင်ရင်တော့ညဘက်တွေကိုရှောင်၊ ဖြစ်နိုင်ရင် တစ်ယောက်ထဲ သွားမယ့်အစား နှစ်ယောက် အဖော်ပါတာမျိုး သွားမယ်။ ဖြစ်နိုင်ရင်ပေါ့။ မဖြစ်နိုင်ရင်တော့ ကိုယ့်ဟာကို တစ်ယောက်တည်း အရိပ်အခြေကြည့်ပြီးသွားမယ်။ ခပ်သုတ်သုတ်သွားရင်လည်းသွားမယ်။ ဒါမျိုး တွေလုပ်မယ် ။မကောင်းတဲ့သူတွေဖြစ်နိုင်မယ့် ပေါ်နေတဲ့ဟာမျိုးပေါ့ လုံလုံခြုံခြုံလေးသွားမယ်။ နေရာတိုင်းမှာတော့ သူ့အ၀တ်အစားနဲ့ သူရှိတယ်။ ဘုရားပေါ်မှာဘောင်းဘီတိုနဲ့ တက်သွားလို့မရဘူး။ အရှည်ဆိုပေမယ့် မြင်ရတာ အဆင်မပြေဘူး။ ရှော့ပင်ထွက်ရင်လည်း ပေါ့ပေါ့ပါးပါးအ၀တ်အစားနဲ့ သွားရမယ်။ အခြေအနေနဲ့ အချိန်အခါနဲ့ သူ့နေရာနဲ့သူပေါ့။ ကိုယ့်မြန်မာဝတ်စုံကြီးနဲ့ ထမီကြီးနဲ့မို့ သူများအမြင် တင့်တယ်ပြီးတော့ ဒီလိုမျိုးမကောင်းတဲ့သူတွေ စော်ကားမှာ မဟုတ်ဘူး လို့တော့ ပုံသေ တွက်ထားလို့မရဘူး။ ဘတ်စ်ကားစီးတယ်ဆို သူနဲ့ အဆင်ပြေတဲ့ အ၀တ်အစားမျိုးဖြစ်နေရမယ်။ တစ်နေရာရောက်မှ သူ့ အလှအပဖြစ်ချင်တယ်ဆိုရင်တစ်နေရာရောက်မှလဲ။ အဲ့တာကပို အဆင်ပြေမယ်။ အမကိုယ်တိုင်မိန်းမဖြစ်တဲ့အတွက် သူ့နေရာ သူ့ဒေသ နဲ့ လိုက်အောင်ဝတ်တယ်။ အဲ့လိုကာ ကွယ်ရင်တော့ ပိုအဆင်ပြေမယ် ထင်တယ်။

မေး ။ ။FDAရဲ့အမျိုးသမီးဝန်ထမ်း အဓမ္မကျင့် သတ်ဖြတ်ခံရပြီးတဲ့ နောက်မှာ အမျိုးသမီးအဖွဲ့အ စည်းအချို့ရဲ့ မုဒိမ်းသမား သေဒဏ် ပေးရေးလှုပ်ရှားမှုတွေပြုလုပ်လာကြတာတွေရှိတော့ အဲ့ဒီလှုပ်ရှားမှုတွေ အပေါ်မှာ မခင်ချမ်းမြေ့သူ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ ။ ။ အစ်မကတော့ မုဒိမ်းသမားဆိုရင်သေဒဏ်ပဲသဘောကျတယ်။ ကိုယ့်အဖေ၊ကိုယ့်မောင်ကိုယ့်သားဖြစ်ဖြစ် သိရင်တော့သတ်ပစ်မှာပဲ။ ကိုယ့်အမျိုးပဲဖြစ်ဖြစ် အဲ့လိုလူမျိုးဆိုရင်သေသင့်တယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ သူ့နေရာနဲ့သူ ပြည့်တန်ဆာတွေလည်းရှိနေတယ်။ နောက်ပြီး ရင် မိန်းမတစ် ယောက်ကောက်ယူဖို့လည်းလွယ်တယ်။ သမီးရည်းစား ပဲဖြစ်အုံးတော့ ဒီကိစ္စမျိုးက ကြည်ဖြူရင်ဖြစ်ကြတာပဲ ။ အမတို့ပြောချင် တာက ယဉ်ကျေးမှုကိုဆန့်ကျင်ပြီးတော့ အတင်းကြီးပဲ မိန်းမတွေအတင်း ကြီးပဲပေါနေတာကိုပြောချင်တာမဟုတ်ဘူး ။ ကိုယ့်ဘာသာ ကြည့်ဖြူရင် ဖြစ်သွား နိုင်တဲ့ကိစ္စတွေအများကြီးပဲရှိနေတာကို မုဒိမ်းမှုကို ဒီအကြမ်း ဖက် တာကြီးကိုရွေးချယ်တယ်ဆို လို့ရှိ ရင်အဲ့ဒီမိန်းမတွေကအသက်ပြည့် တွေရော သက်မပြည့်တွေရော အစ်မမြင်မိသလောက်ဆိုရင်အသက် ကြီးတဲ့သူတွေပါ ရှောင်တာမဟုတ်ဘူး။ သူ့ကိုယ်ကျင့်တရားကမကောင်း တာကို ဒီလူကမကောင်း တာကိုကောင်းလာမှာပဲဆိုပြင်တာကို သူက ခဏပဲပြင်မှာပဲ။ အဲ့တော့ဒီလိုလူမျိုးတွေရှိနေရင် အန္တရာယ်ကပဲ ပိုများနေ တာ၊ တို့လူ့ပတ်ဝန်းကျင်မှာ ကောင်းကျိုးပြုမယ့် ကိစ္စတွေ သူတို့ခေါင်းထဲ မှာ တွေးနေမှာမဟုတ်ဘူး။ရောက်တဲ့နေရာတိုင်းမှာဒါကအန္တရာယ်ကြီးပဲ။ အကောင်းအတိုင်းကြီးပဲ။ ၀တ်စုံပြည့်နဲ့သွားနေခဲ့ရင်လည်း ဒါကြီးက ကိုယ်မမြင်နိုင်တဲ့အန္တရယ်ကြီးပဲ ။မိပြီဆိုရင် လုံးဝထိထိ ရောက်ရောက်ကို အပြစ်ပေးရမယ်။ အစ်မစိတ်ကတော့ သေကိုသေစေချင်တယ်။ အဲ့လို မျိုးက ပိုပြီး တော့အဆင်ပြေလိမ့်မယ် ။ဒီလူမျိုးတွေက လူ့ဘောင် လောကကို အကျိုးပြုမှာလည်းမဟုတ်ဘူး။ သူတို့ကို သူတို့လည်း အကျိုးမပြုဘူး ။ဘာသာရေးအရလည်း ဘယ်ဘာသာက မှခွင့်ပြု ထားတာ မရှိဘူး။

ဟုတ်ကဲ့ပါခင်ဗျာ။ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ပဉ္စမလှိုင်းမီဒီယာက ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စာကြွင်း – မခင်ချမ်းမြေ့သူသည် အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ် IJF အသိအမှတ်ပြုလိုင်စင်ရ ဒိုင်နည်းပြတစ် ဦးဖြစ်ပြီး စိုက်ပျိုးရေး ၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသည့် အစိုးရ၀န်ထမ်းတစ်ဦးလည်းဖြစ်ကာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တွင်လည်း သင်တန်းသားများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

တွေ့ဆုံမေးမြန်းသူ – ကျော်သူမြင့်

Leave a Reply