ရီးရဲမက်ဒရစ်ကို အနိုင်ကစားနိုင်လိမ့်မယ်လို့ PSG နည်းပြယုံကြည် လျှက်ရှိ

0
155

ဖေဖော်ဝါရီ ၁၄ ၊ ၂၀၁၈

ပဲရစ်စိန့်ဂျာမိန်းအသင်းရဲ့နည်းပြ ယူနိုင်းအမ်မရီဟာ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် ရီးရဲမက်ဒရစ်နဲ့ ပွဲစဉ်ကို အနိုင်ရရှိမယ်လို့ ယုံကြည်လျှက် ရှိပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင်ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

PSG အသင်းဟာ ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားသလို ကစားသမားကောင်းတွေကိုလည်း နှစ်စဉ် ဖြည့်တင်းထားသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကံမကောင်းသေးဘဲ ရှုံးထွက်အဆင်တွေနဲ့သာ နှစ်စဉ် ကျေနပ်ခဲ့ရပါတယ်။

ရီးရဲမက်ဒရစ်အသင်းအနေနဲ့ PSG နဲ့ပွဲစဉ်မှာ အကောင်းဆုံးသော ကစားသမားစုဖွဲ့မှုတွေနဲ့ ပွဲထွက်လာမှာ ဖြစ်သလို PSG အသင်းအနေနဲ့ လည်း အကောင်းဆုံး အင်အားနဲ့ ရီးရဲမက်ဒရစ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့ အမ်မရီက ဆိုပါတယ်။ နောက်ဆုံးမှာတော့ PSG အသင်းဟာ နိုင်ပွဲကို ရယူနိုင်လိမ့်မယ်လို့ အမ်မရီက ဆိုပါတယ်။

ယူနိုင်အမ်မရီဟာ သူ့ရဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို အကြွင်းမဲ့ ယုံကြည်လျှက်ရှိပြီး ရီးရဲမက်ဒရစ်နဲ့ ပွဲစဉ်ဟာ ခက်ခဲမှာ ဖြစ်သော်လည်း တိုးတက်လာတဲ့ PSG အသင်းရဲ့ ခြေစွမ်းကြောင့် ရီးရဲမက်ဒရစ်ကို အကောင်းဆုံး တုန့်ပြန်နိုင်လိမ့်မယ်လို့ ယုံကြည်လျှက်ရှိပါတယ်။

NN

Leave a Reply