သက်ငယ် မုဒိမ်း သေဒဏ်​​ပေး​ရေးလက်​မှတ်​​ကောက်​ခံထားမှု လွှတ်​​တော်​သို့​ပေးပို့သွားမည်

0
196

ပဲခူး၊ ​ဖေ​ဖော်​ဝါရီ ၁၅၊ ၂ဝ၁၈

ပဲခူးမြို့​ပေါ်တွင်​ယ​နေ့ပြုလုပ်​သည့်​ သက်​ငယ်​မုဒိမ်း​သေဒဏ်​​ပေး​ရေးလှုပ်​ရှားမှုမှ ရရှိလာသည့်​လက်​မှတ်​များအား တိုင်းလွှတ်​​တော်​ထံ ​ပေးပို့သွားမည်​ဖြစ်​​ကြောင်း အဆိုပါလှုပ်​ရှားမှုဦး​ဆောင်​သူများထံမှ သိရသည်​။

အဆိုပါလက်​မှတ်​​ကောက်​ခံမှုကို တစ်​နိုင်​ငံလုံးအတိုင်းအတာဖြင့်​ လက်​မှတ်​ငါးသိန်းအထိ​ကောက်​ခံသွားမည်​ဖြစ်​​ကြောင်း အဆိုပါလှုပ်​ရှားသူများက ဆိုသည်​။

“ကျွန်​မတို့ အ​နေနဲ့ ဒီလှုပ်​ရှားမှုက​နေရရှိလာတဲ့ လက်​မှတ်​​တွေကို သက်​ဆိုင်​ရာ တိုင်းနဲ့ပြည်​နယ်​အလိုက်​မှာရှိ​နေတဲ့ လွှတ်​​တော်​​တွေကို​ပေးပို့သွားမှာပါ။ ဘာ​ကြောင့်​လည်းဆို​တော့ ဥပ​ဒေပြု​ရေးတာဝန်​ရှိသူ​တွေအ​နေနဲ့ ပြုသူ​တွေရဲ့ဆန္ဒအမှန်​​တွေကိုသိရှိပြီး​တော့ ဥပ​ဒေပြဌာန်း​ပေး​စေလို့တဲ့ ရည်​ရွယ်​ချက်​နဲ့ လုပ်​​ဆောင်​တာဖြစ်​ပါတယ်​” ဟု သက်​ငယ်​မုဒိမ်း​သေဒဏ်​​ပေး​ရေးလှုပ်​ရှားမှုဦး​ဆောင်​သူ ​ဒေါ်စုမြတ်​မွန်​က ​ပြောသည်​။

လက်​ရှိအ​ခြေအ​နေတွင်​ လက်​မှ​ကောက်​ခံ​ရေးလှုပ်​ရှားမှုများကို ရန်​ကုန်​တိုင်း​ဒေသကြီးမှ မြို့နယ်​အချို့နှင့်​ ပဲခူးတိုင်းအတွင်းမှ ​ပြည်​၊ ​တောင်​ငူနှင့်​ ပဲခူးမြို့​ပေါ်ရှိ ဗိုလ်​ချုပ်​​ကျောက်​ရုပ်​​ရှေ့၊ ​ဈေး​ရှေ့တို့တွင်​ အသီးသီး​ကောက်​ခံထား​ကြောင်း ၎င်းက ဆက်​​ပြောသည်​။

“က​လေး​ကျောင်းလိုက်​ပို့ပြီးအပြန်​မှာ ဒီလှုပ်​ရှားမှု​လေး​တွေ့တာနဲ့ လက်​မှတ်​ဝင်​ပြီးထိုးတာ။ ဒီကိစ္စကြီးက လူကြားလို့လည်း​ကောင်းတဲ့ဟာမဟုတ်​သလို အမျိုးသမီးငယ်​​လေး​တွေအတွက်​လည်း လုံခြုံမှုမရှိတဲ့အတွက်​ ခုလိုပူး​ပေါင်း​လုပ်​​ဆောင်​ဖြစ်​တာပါ” ဟု ပဲခူးမြို့​ကျောက်​ဖူးကုန်းရပ်​ကွက်​မှ ​ဒေါ်ငယ်​က မှတ်​ချက်​​ပေးသည်​။

ပြီးခဲ့သည့်​ ၂ဝ၁၇ ခုနှစ်​အတွင်း ပဲခူးတိုင်း​ဒေသကြီးတွင်​ သက်​ငယ်​မုဒိမ်းမှု​ပေါင်း ၄ဝ ​ကျော်​ဖြစ်​ပွားခဲ့ပြီး လက်​ရှိအ​ခြေအ​နေတွင်​ သက်​ငယ်​မုဒိမ်း​သေဒဏ်​​ပေး​ရေး လက်​မှတ်​​ကောက်​ခံရရှိမှု ငါး​သောင်း​ကျော်​ရရှိထားပြီးဖြစ်​​ကြောင်း ဦး​ဆောင်​လှုပ်​ရှားသူများထံမှ သိရသည်​။

မိုးမြေ

Leave a Reply